ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် “Training on Effective Strategies for New Curriculum” သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် “Training on Effective Strategies for New Curriculum” သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

 

11

ဟားခါး  ၊ နိုဝင်ဘာ ၂၇


ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဟားခါးပညာရေးဒီဂရီကောလိပ်က ကြီးကြပ်ဖွင့်လှစ်ပို့ချမည့် “Training on Effective Strategies for New Curriculum” သင်တန်းဆင်းပွဲအခမ်းအနားကို ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲက ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။


ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်းဆွန်းထန်က ပညာရေးဒီဂရီကောလိပ်ဟာ အခြေခံပညာကျောင်းများအတွက် ဆရာ၊ ဆရာမများကို အဓိကမွေးထုတ်၊ လေ့ကျင့်ပေးသည့် ဒီဂရီကောလိပ်ဖြစ်ပြီး စတင်ဖွင့်လှစ်သည့် ၂၀၁၇−၂၀၂၈ ပညာသင်နှစ်မှ ယနေ့အထိ ချင်းပြည်နယ်အတွင်းမှာရှိသည့် အခြေခံပညာကျောင်းများအတွက် ဆရာ၊ ဆရာမပေါင်း ( ၃၁၆ ) ဦး မွေးထုတ်ပေးခဲ့ပြီး ပညာရေးဘွဲ့စာပေးစာယူ (၂) နှစ်သင်တန်း B.Ed အတွက် လုပ်ငန်းခွင်ဆရာ၊ ဆရာမ (၇၆) ဦး ပို့ချပေးနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ၂၁ ရာစု၏ ပြောင်းလဲတိုးတက်လာသည့် ပညာရပ်များနှင့် သင်ရိုးအသစ်၊ သင်ခန်းစာအသစ်များကို ထိရောက်စွာ သင်ကြားနိုင်ရန်အတွက် ဆရာ၊ ဆရာမ အရေအတွက်တိုးလာရုံနှင့် မလုံလောက်ဘဲ အရည်အချင်းရှိသည့် ဆရာ၊ ဆရာမများဖြစ်ကြရန် အထူးလိုအပ်ပါကြောင်း၊ ထို့ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့က ယခုကဲ့သို့ သင်တန်းဖွင့်လှစ်ရန် ဟားခါးပညာရေးဒီဂရီကောလိပ်ကို တာဝန်ပေးရခြင်းဖြစ်ကြောင်း၊ ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဘက်စုံထူးချွန်ထက်မြတ်ပြီး ပညာပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များစွာ လိုအပ်ကြောင်း၊ ထို့ကြောင့် ပညာပြည့်ဝနှလုံးလှသည့် လူသားအရင်းအမြစ်များကို ပုံသွင်းမွေးထုတ်ပေးရန် ဆရာ၊ ဆရာမများတွင် ကြီးလေးသည့် တာဝန်ရှိပါကြောင်း၊ ဤသင်တန်းတွင် သင်ကြားခဲ့ရသည့် သင်ခန်းစာအသစ်များ ချဉ်းကပ်သည့်နည်းအသစ်နှင့် သင်နည်းအသစ်များကို လက်တွေ့အသုံးချရုံသာမက ထပ်တိုးလေ့လာရန် တိုက်တွန်းလိုပါကြောင်းဖြင့် အမှာစကားပြောကြားသည်။


ထို့နောက် ဟားခါးပညာရေးဒီဂရီကောလိပ်တာဝန်ခံကျောင်းအုပ်က ဒေါ်ငွန်လျန်မွေးက သင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသား၊ သင်တန်းသူများ၏ အခြေအနေအား ရှင်းလင်းတင်ပြပြီး သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်ကလည်းကောင်း၊ သင်တန်းဆင်းလက်မှတ်များကို ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးကလည်းကောင်း၊ သင်တန်းအတွက် ထောက်ပံ့ငွေနှင့် ဟားခါးပညာရေးဒီဂဂီကောလိပ် တာဝန်ခံကျောင်းအုပ်၊ သင်တန်းနည်းပြအား ဂုဏ်ပြုချီးမြှင့်ငွေများကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်ကလည်းကောင်း ပေးအပ်ချီးမြှင့်ပြီး သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ သင်တန်းဆင်းပွဲအခမ်းအနား အောင်မြင်စွာရုပ်သိမ်းပြီး ပြည်နယ်ဝန်ကြီးများက အခမ်းအနားတက်ရောက်လာကြသည့် သင်တန်းသား ၊ သင်တန်းသူ ဆရာ ၊ ဆရာမများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages