နိုင်ငံတကာပညာရေးဆိုင်ရာ အသုံးချ သုတေသန ညီလာခံ(၂၀၂၅) စာတမ်းလက်ခံခြင်းနှင့် စိစစ်အတည်ပြုရေး အစည်းအဝေး ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

နိုင်ငံတကာပညာရေးဆိုင်ရာ အသုံးချ သုတေသန ညီလာခံ(၂၀၂၅) စာတမ်းလက်ခံခြင်းနှင့် စိစစ်အတည်ပြုရေး အစည်းအဝေး ကျင်းပ

021

နေပြည်တော်၊ ဒီဇင်ဘာ ၃

နိုင်ငံတကာ ပညာရေးဆိုင်ရာ အသုံးချသုတေသန ညီလာခံ(၂၀၂၅) စာတမ်းလက်ခံခြင်းနှင့်စိစစ်အတည်ပြုရေး အစည်းအဝေးကို ယမန်နေ့က နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်၊ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတကာ ပညာရေးဆိုင်ရာအသုံးချ သုတေသနညီလာခံ (၂၀၂၅) ကို ဆရာအတတ်ပညာရေး (Research on Teacher Education)၊ ဝိဇ္ဇာသိပ္ပံပညာရပ်ဆိုင်ရာ အသုံးချသုတေသန(Applied Research on Arts and Science)၊ သမုဒ္ဒရာနှင့် ကမ္ဘာမြေသိပ္ပံ (Research on Substainable Scientific Collaboration of Ocean and Earth Sciences)၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး (Research on MSMEs and TVET) နှင့် ဘာသာစကား အရင်းအမြစ်နှင့် ဉာဏ်ရည်တုနည်းပညာ (Research on Natural Language Processing-NLP and AI Techno-logy) ကဏ္ဍငါးခု၌ နိုင်ငံတကာမိတ်ဖက်များနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ကျင်းပသွားမည်ဖြစ်ကြောင်း၊ သုတေသနညီလာခံ၏ ဦးတည်ချက် (Theme)ကို “ပညာရေး၊ သိပ္ပံနှင့် နည်းပညာစွမ်းပကားဖြင့် ပိုမိုကြွယ်ဝပြည့်စုံသော လူ့ဘောင်အဖွဲ့အစည်းအတွက် အနာဂတ်ကိုညွှန်ပြခြင်း” (Navigating the future: Education, Science, and Technology for Brighter and More Prosperous Societies) ဟု ချမှတ်ထားကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က စာတမ်းဦးတည်ချက် အုပ်စုအလိုက် အရည်အသွေးရှိ စာတမ်းများစိစစ်အတည်ပြုရေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ကို ရှင်းလင်းမှာကြားပြီး ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမိုးလွင်က လက်ခံရရှိထားသော စာတမ်းများကို အမျိုးအစားနှင့် ဘာသာရပ်နယ်ပယ်အလိုက် တင်ပြသည်။

ယင်းနောက် တက်ရောက်လာသည့် ဆရာကြီး၊ ဆရာမကြီးများက အုပ်စုခွဲ၍ စာတမ်းတစ်ခုချင်းအပေါ်တွင် ဆွေးနွေးသုံးသပ်ကာ နိုင်ငံတကာ ပညာရေးဆိုင်ရာ အသုံးချသုတေသန ညီလာခံ(၂၀၂၅) စာတမ်းလက်ခံခြင်းနှင့် စိစစ်အတည်ပြုရေး လုပ်ငန်းများကို ‌ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages