တာမွေ၊ ဒီဇင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင် ဦးဆောင်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်အတွင်းရှိ မီးရထားဘူတာရုံများနှင့် မီးရထားလမ်းများ အနီးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထိုကဲ့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် တာမွေမြို့နယ် တာမွေလေးရပ်ကွက်ရှိ တာမွေဘူတာရုံ၊ မေတ္တာညွန့်ရပ်ကွက်ရှိ မေတ္တာညွန့်ဘူတာရုံနှင့် မြို့နယ်အတွင်းရှိ မီးရထားလမ်းများ အနီးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် စစ်ဆေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ဘူတာရုံများရှိ မီးရထားလမ်းပေါ်များတွင် အမှိုက်များ စွန့်ပစ်မှုရှိနေပါသဖြင့် သန့်ရှင်းရေး ဆောင်ရွက်သွားရန်၊ တာမွေဘူတာရုံရှေ့ရှိ ဘူတာပိုင် အုတ်တံတိုင်းအား ဥပဓိရုပ် ကောင်းမွန်စေရေးအတွက် ဆေးသုတ်ခြင်းများ ပြုလုပ်ဆောင်ရွက်ရန်၊ တာမွေဘူတာအနီး ပတ်ဝန်းကျင်ရှိ အမြင်မတင့်တယ်သော သစ်ပင်သစ်ကိုင်းများအား ရှင်းလင်းပြီး စနစ်တကျ စုပုံထားရှိရန်၊ တာမွေဘူတာအနီးရှိ ယာယီအဆောက်အဦအား ဘူတာရုံတည်ဆောက်ရေး လုပ်ငန်းပြီးစီးပါက ဖယ်ရှားရှင်းလင်းဆောင်ရွက်သွားရန် စသည်ဖြင့် လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment