မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်း အခမ်းအနားတက်ရောက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်း အခမ်းအနားတက်ရောက်

022-01

023

မော်လမြိုင်၊ ဒီဇင်ဘာ ၃

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်းအခမ်းအနားကို  နိုဝင်ဘာ ၂၈ ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊  ပြည်နယ်တရားလွှတ်​တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း နိုင်ငံ့တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ကျစိုက်ထုတ်ရမှု လျော့နည်းစေပြီး လက်လှမ်းမှီသော ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေခြင်းနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခြင်းတို့ကို  အလေးထားဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ လစဉ်ပင်စင်လစာထုတ်ရက်နေ့များတွင် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများအား အလှည့်ကျစနစ်ဖြင့် လစဉ်ကျန်းမာရေး စစ်ဆေးပေးမည့် အစီအစဉ်များနှင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များကို ဆက်လက်၍ ပိုမိုထောက်ပံ့ပေးနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အငြိမ်းစားနိုင်ငံဝန်ထမ်းများအား အခြေခံစားသောက်ကုန်များနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ သမားတော်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ကျန်းမာရေး စမ်းသပ်စစ်ဆေး၊ ကုသပေးနေမှုအပေါ် လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မော်လမြိုင်မြို့ရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၃၀၀) ဦးအတွက် အခြေခံစားသောက်ကုန် ဆန်နှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့ပြီး လိုအပ်သည့် ကျန်းမာရေး​​စောင့်ရှောက်မှုများကိုလည်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


စည်သူ

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages