နမ့်စန်တွင် ကျောင်းသားကျောင်းသူများကို မြန်မာ့သိုင်းအခြေခံသင်တန်း ဖွင့်လှစ်သင်ကြား - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

နမ့်စန်တွင် ကျောင်းသားကျောင်းသူများကို မြန်မာ့သိုင်းအခြေခံသင်တန်း ဖွင့်လှစ်သင်ကြား

8


နမ့်စန်(တ), ဒီဇင်ဘာ ၂


ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့သိုင်းအခြေခံသင်တန်းကို ယနေ့နံနက်ပိုင်းက အမှတ်(၄)ရပ်ကွက်ရှိ မြို့မအခြေခံပညာအထက်တန်းကျောင်းနှင့် မြို့ဦး အခြေခံပညာအထက်တန်းကျောင်းခွဲတို့တွင် စတင်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။


သင်တန်းမစတင်မှီ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုက မြန်မာ့သိုင်းသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းစည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်မှ မြန်မာ့သိုင်းနည်းပြ ဦးမောင်ဇော်နှင့် လက်ထောက်နည်းပြများက ကျောင်းသား/ ကျောင်းသူများကို မြန်မာ့သိုင်းအခြေခံကစားကွက်များအား စနစ်တကျ စတင်သင်ကြားပေးခဲ့ကြသည်။


ကျောင်းသား/ကျောင်းသူများအနေဖြင့် မြန်မာတို့၏ရိုးရာရာအမွေကိုယ်ခံပညာ မြန်မာ့သိုင်းအား ဆက်လက်ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်နှင့် ကိုယ်ကာယကြံ့ခိုင်မှုရှိစေရန်တို့ကိုရည်ရွယ်၍ အဆိုပါသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၆ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကာ အ.ထ.က(မြို့မ)မှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၁၀) ဦးနှင့် အ.ထ.က-ခွဲ(မြို့ဦး)မှ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်သင်ကြားလျက်ရှိပြီး နံနက်ပိုင်းနှင့် ညနေပိုင်းအချိန်ခွဲ၍ ကျောင်းအလိုက်သင်ကြား ပေးလျက်ရှိကြောင်း မြို့နယ် အားကစားမှူးထံမှ သိရသည်။


သူရအောင်(နမ့်စန်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages