ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ မစ္စတာ ရှာလ်ဘန်း ကာရာအော်လ်အား လက်ခံတွေ့ဆုံ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ မစ္စတာ ရှာလ်ဘန်း ကာရာအော်လ်အား လက်ခံတွေ့ဆုံ

003

004

နေပြည်တော်၊ ဒီဇင်ဘာ ၄

 ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော်၊ ဒုတိယဥက္ကဋ္ဌ မစ္စတာ ရှာလ်ဘန်း ကာရာအော်လ် ဦးဆောင်သည့် ရုရှားဒူးမားလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက် (၁၁:၀၀)နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ရှိရင်းစွဲ ကဏ္ဍအများအပြား၌ ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာစေရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့်  ခရီးသွားလုပ်ငန်းကဏ္ဍ အပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့သွားရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်သွားရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍  ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages