ကယားပြည်နယ်ဝန်ကြီးချုပ် ယာယီနေရပ်စွန့်ခွာနေထိုင်လျက်ရှိသည့် ဆရာတော်၊ သံဃာတော်များ နှင့် ပြည်သူများအား ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများလှူဒါန်းပေးအပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကယားပြည်နယ်ဝန်ကြီးချုပ် ယာယီနေရပ်စွန့်ခွာနေထိုင်လျက်ရှိသည့် ဆရာတော်၊ သံဃာတော်များ နှင့် ပြည်သူများအား ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများလှူဒါန်းပေးအပ်

076-01

077

078

လွိုင်ကော်၊ ဒီဇင်ဘာ ၂

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ယာယီနေရပ်စွန့်ခွာ နေထိုင်လျက်ရှိသည့် ပြည်သူများနေထိုင်ရေးနှင့် လိုအပ်သည့်အခြေခံစားသောက်ကုန်များအား စဉ်ဆက်မပြတ် ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ  ယမန်နေ့နံနက်ပိုင်းက မင်းကျောင်းပရိယတ္တိ စာသင်တိုက်သို့ သွားရောက်ကာ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့်  လင်ဖုံလေး ကျေးရွာ၊ လင်ဖုံလေးကျောင်းတိုက်မှ လွိုင်ကော်မြို့သို့ တိုက်ပွဲရှောင် ရောက်ရှိလာသည့် ဆရာတော်၊ သံဃာတော်များနှင့် ကျေးရွာသူ၊ ကျေးရွာသားများအား လှူဒါန်းထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်မှ လင်ဖုံလေးကျောင်းတိုက် ဆရာတော်ဥူးသောဘဏအား ဖူးမြော်ကြည်ညို၍ ယာယီနေရပ်စွန့်ခွာကာလအတွင်း စိတ်အေးချမ်းသာစွာ သီတင်းသုံး နေထိုင်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အခြေအနေများကို လျှောက်ထားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား သင်္ကန်း၊ ဆန်၊ ဆီ၊ ငါးခြောက်၊ စားသောက်ဖွယ်ရာများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် လင်ဖုံလေးကျေးရွာမှ ယာယီနေရပ်စွန့်ခွာပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားကာ ပြည်သူများအတွက် ဆန်၊ ဆီ၊ ငါးခြောက်၊ စားသောက်ဖွယ်ရာများ၊ အနွေးထည်များနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ဆရာတော်၊ သံဃာတော်များနှင့် ပြည်သူများတိုက်ပွဲတိမ်းရှောင် သီတင်းသုံးနေထိုင်စဉ်ကာလအတွင်း အဆင်ပြေစွာနေထိုင်နိုင်ရေးနှင့်လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ စနစ်တကျစီမံဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages