မိုးနဲ , ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်းရှိ ပြည်သူများယာဉ်တိုက်မှုအန္တရာယ်မှကင်ဝေးစေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား လိုက်နာခြင်းရှိ/မရှိ အသိပညာပေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်က ကြံခင်းမြို့ တလိုင်းကျေးရွာ၊ မြို့ဝင်ကားလမ်းမတွင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ကြံခင်းမြို့နယ်အတွင်း ယာဉ်အန္တရာယ်ကင်းဝေးစေရေး၊ ယာဉ်တိုက်မှု၊ လျော့နည်းကျဆင်းပပျောက်စေရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကြည်စိုး ကြီးကြပ်မှုဖြင့် ဒုရဲအုပ်အောင်အောင်နှင့်တာဝန်ရှိသူများက နေ့စဉ်မော်တော်ဆိုင်ကယ် စီးနင်းသူများတွင် ဆိုင်ကယ်စီးဦးထုပ်ပါရှိရေး၊ မေးသိုင်းကြိုးတပ်ဆင်ပြီးစီးရန်၊ မော်တော်ယာဉ်များတွင်ပါရှိရမည့်အချက်များ၊ ဘက်မှန်၊ နံပါတ်ပြားနှင့်အရည်အသွေးပြည့်မီသော ဆိုင်ကယ်ဦးထုပ်များအသုံးပြုခြင်းရှိ/မရှိနှင့် မော်တော်ယာဉ်မောင်းနှင်သူများအား ခါးပတ်ပတ်မောင်းနှင်ကြရန်အသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ပြီး စည်းကမ်းလိုက်နာမှုမရှိသောယာဉ်နှင့် ယာဉ်ပိုင်ရှင်များအား ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူထံက သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)
https://t.me/MyanmarNationalPost
No comments:
Post a Comment