၂၀၂၄၊ ဒီဇင်ဘာ ၂
ဆီးရီးယားသမ္မတ ဘာရှာအာဆက် သည် ပြီးခဲ့သော သီတင်းပတ်က နိုင်ငံမြောက်ပိုင်းကို ကျူးကျော် ထိုးစစ်ဆင်ခဲ့သော အကြမ်းဖက်သမားများနှင့် ၎င်းတို့၏ “စပွန်ဆာများနှင့် ထောက်ခံသူများ” ကိုပါ ဖယ်ရှားပစ်မည်ဟု ကတိပြုခဲ့ပါသည်။
“အကြမ်းဖက်ဝါဒဆိုတာ အင်အားသုံးပြီး ဖြိုခွင်းရမယ်ဆိုတဲ့ ဘာသာစကားလို့ပဲ နားလည်ပြီး ကျွန်တော်က အကြမ်းဖက်ဝါဒကို ထောက်ခံသူရော စပွန်ဆာတွေကိုပါ ဖြိုဖျက်ပစ်မှာပါ။ ကျွန်တော့်စစ်တပ်က အဲ့ဒါတွေကိုရှင်းလင်းဖို့အတွက် အစွမ်းအစရှိပါတယ်။ နောက်ပြီး ကျွန်တော့်စစ်တပ်နဲ့ အတူ တိုက်ပွဲဝင်ဖို့အတွက် နိုင်ငံတကာ မဟာမိတ်တွေလည်းရှိပါတယ်” ဟု ဆီးရီးယား ခေါင်းဆောင်က ပြောကြားခဲ့သည်။
နိုင်ငံအတွင်း တပ်စွဲထားသော ရုရှားဂျက်တိုက်လေယာဉ်များ ကျောထောက်နောက်ခံပြုထားသော ဆီးရီးယားစစ်တပ်သည် ကြာသပတေးနေ့တွင် တန်ပြန်ထိုးစစ်တစ်ရပ်ကို စတင်ခဲ့ပြီး မြေပြင်ပြန်လည်ရရှိရန် အကြမ်းဖက်သမားများနှင့် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။
တနင်္ဂနွေနေ့က ရရှိသည့် စစ်ဘက်သတင်းရင်းမြစ်တစ်ခုရဲ့ အဆိုအရ ဆီးရီးယားနိုင်ငံအလယ်ပိုင်း ဟာမာမြို့မှာ စစ်သွေးကြွများ၏ထိုးစစ်ကို အစိုးရတပ်ဖွဲ့တွေက ရပ်တန့်နိုင်ခဲ့သည်။ ဟာမားပြည်နယ်ရှိ မြို့ရွာအများအပြားကို အောင်မြင်စွာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းရင်းမြစ်က ဆက်လက်ပြောသည်။
ဆီးရီးယား မီဒီယာများ၏ အဆိုအရ လွန်ခဲ့သည့် သုံးရက်အတွင်း တိုက်ပွဲများအတွင်း အကြမ်းဖက်သမား ၁၀၀၀ နီးပါး သေဆုံးခဲ့ကြောင်း သိရသည်။ စနေနေ့က ထုတ်ပြန်ချက်တစ်ခုတွင်၊ ဆီးရီးယားစစ်တပ်သည် စစ်မှုထမ်း အဖွဲ့ဝင် ဒါဇင်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်ဟု ပြောကြားခဲ့သော်လည်း HTS အကြမ်းဖက် တိုက်ခိုက်ရေး သမားများသည် ဆီးရီးယားနှင့် ရုရှားဂျက်လေယာဉ်များ၏ လေကြောင်း တိုက်ခိုက်မှုများကြားတွင် သတ်မှတ်ထားသော နေရာများကို မသိမ်းယူနိုင်ခဲ့ကြောင်း သတိပြုမိခဲ့သည်။ စစ်သွေးကြွများ၏ တိုက်ခိုက်မှုကို ထောင်ပေါင်းများစွာသော နိုင်ငံခြား အကြမ်းဖက်သမားများ၊ လက်နက်ကြီးများနှင့် မောင်းသူမဲ့လေယာဉ် အမြောက်အမြားတို့က ပံ့ပိုးပေးခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
REF - RT
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment