ဒဂုံမြောက်၊ ဒီဇင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပင်လုံလမ်းနှင့် ပြည်ထောင်စုလမ်းထောင့်တွင် ဒီဇင်ဘာ ၂ ရက်နေ့ နံနက် ၀၀:၃၂ မိနစ်အချိန်ခန့်က ယာဥ်နှစ်စီးတိုက်မိ၍ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးမှူး ဦးဆောင်သောမီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြှိမ်းသတ်ရာ ၀၀:၃၅ မိနစ်ခန့်တွင် မီးငြိမ်းသွားကြောင်းသိရသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်မှာ ဒဂုံ(အရှေ့)မှ တောင်ဥက္ကလာသို့ မောင်းနှင်လာသောယာဥ်မောင်း ဦးအောင်စံရှိန်၏ YGN- 13၊ EE -1610 TOYOTA COROLLA FIELDER (ခဲရောင်)ယာဥ်အား ဒဂုံတောင်မှ မြောက်ဥက္ကလာပသို့ မောင်းနှင်လာသောယာဥ်မောင်း ဒေါ်ခင်ဝင့်ဝင့်အောင်၏ YGN-39၊7C - 4475 TOYOTA COROLLA (ခဲရောင်)ယာဥ်မှ ဝင်တိုက်မိပြီး YGN-39၊7C - 4475 TOYOTA COROLLA (ခဲရောင်)ယာဥ်သည် ဘတ္ထရီဝါယာရှော့ဖြစ်ရာ အင်ဂျင်ခန်းတွင် မီးစတင်လောင်ခဲ့ရာမှ YGN-39၊ 7C - 4475 TOYOTA COROLLA (ခဲရောင်)ယာဥ်၏ ရှေ့/နောက်လေကာမှန်၊ ဘေးဘယ်/ညာ လေကာမှန်၊ ကူရှင်(၄)လုံး၊ ရှေ့ဘောနက်အဖုံး၊ ဗန်ဘာများဆုံးရှုံးခဲ့ပြီး YGN- 13၊ EE -1610 TOYOTA COROLLA FIELDER (ခဲရောင်)ယာဥ်၏ ရှေ့လေကာမှန်၊ ရှေ့ဘောနက်အဖုံး၊ ဗန်ဘာများ ဆုံးရှုံးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။
အဆိုပါမီးလောင်မှုကြောင့် ယာဥ်မောင်းပိုင်ရှင် ဒေါ်ခင်ဝင့်ဝင့်အောင်အား ဒဂုံမြောက် မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။
နေခြည်(ဒဂုံမြောက်)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment