ရန်ကုန်၊ ဒီဇင်ဘာ ၂
ရုရှားဖက်ဒရေးရှင်းနိုင်ငံဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ မစ္စတာ ရှာလ်ဘန်းကာရာ အော်လ်ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ သည် ယမန်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင်နှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander Azizov၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူး ချုပ်ဦးဇော်ဖြိုးဝင်း၊ ရန်ကုန်မြို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနများမှ အရာရှိများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
ကိုယ်စားလှယ်အဖွဲ့သည် အဆိုပါနေ့ ညနေပိုင်းတွင် သီတဂူကျောင်းတိုက်ရှိ ဆရာတော် သံဃာတော်များနှင့် ရွှေတိဂုံ စေတီတော်တို့သို့ သွားရောက်ဖူးမြော် ကြည်ညိုခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment