မုံရွာ၊ ဒီဇင်ဘာ ၂
မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌသည် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ လိုက်ပါ၍ ယနေ့နံနက်ပိုင်းက မုံရွာမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံခန်းမ၌ လျှပ်စစ်မီတာခများ ကြွေးကျန်မရှိရေး လက်ခံဆောင်ရွက်ပေးနေရာသို့ရောက်ရှိပြီး ခရိုင်/မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၏ လျှပ်စစ်မီတာခ ကောက်ခံမှုနှင့် ကြွေးကျန်မရှိရေး လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးပြီး လျှပ်စစ်ဝန်ထမ်းများက လျှပ်စစ်မီတာခများ စနစ်တကျ ကောက်ခံပေးနေမှု အခြေအနေများနှင့် လျှပ်စစ်မီတာခများ လစဥ် လွယ်လင့်တကူ ပေးဆောင်နိုင်အောင် စီစဥ်ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment