ပရာ့ဂ်မြို့၊ ဒီဇင်ဘာ ၃
ပရာ့ဂ်မြို့အခြေစိုက် သံရုံးများမှ သံရုံးအကြီးအကဲများ၏ ဇနီး/ခင်ပွန်းများဖြင့် ဖွဲ့စည်း ထားသည့် Diplomatic Spouse Association (DSA)၏ အပြည်ပြည်ဆိုင်ရာ အလှူဈေးရောင်း ပွဲတော်အား ၁-၁၂-၂၀၂၄ ရက်နေ့တွင် Prague Congress Centre ၌ ကျင်းပခဲ့ရာ မြန်မာသံရုံး၊ ပရာ့ဂ်မြို့က ပါဝင်ဆင်နွှဲခဲ့သည်။
အဆိုပါဈေးရောင်းပွဲတော်အား ချက်နိုင်ငံ၊ အောက် လွှတ်တော်ဥက္ကဌ H.E. Marketa Pekarova Adamova၊ ပရာ့ဂ်မြို့တော်ဝန် H.E. Bohuslav Svoboda၊ ပရာ့ဂ်-၄ မြို့တော်ဝန် H.E. Ondrej Kubin နှင့် DSA ဥက္ကဌ Ms. Anne Huisinga-Paret တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မြန်မာသံရုံးသည် ပရာ့ဂ်မြို့အခြေစိုက် နိုင်ငံခြား သံရုံးများ၊ အဖွဲ့အစည်းများနှင့်အတူ ချက်နိုင်ငံတစ်ဝန်းရှိ အကူအညီလိုအပ်နေသည့် ချက်ပြည်သူများအား ချက်နိုင်ငံရှိ လူမှုကူညီရေးအသင်းများမှတဆင့် ထောက်ပံ့လှူဒါန်းနိုင်ရန်အတွက် မြန်မာ့ရိုးရာ လက်မှုပစ္စည်းများ၊ ပန်းချီကားများကို ရောင်းချခြင်းဖြင့် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment