ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရေး ရွှေမိုက်များ ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချလေလံပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရေး ရွှေမိုက်များ ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချလေလံပွဲကျင်းပ

023

024

025

ညောင်ဦး၊ ဇန်ဝါရီ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အနော်ရထာမင်းကြီးနှင့် ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရန် စတုတ္ထပိုင်းဖြစ်သည့် အလယ်ပစ္စယံ၊ အောက်ပစ္စယံ၊ နတ်မုခ်(၄)ခု၊ နတ်လှေကား(၄)စင်း၊ ခြင်္သေ့ကြီး(၄)စီး၊ ကြာသွပ်အိုး(၈)လုံးရှိ ရွှေမိုက်များ ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချလေလံပွဲကို ယမန်နေ့က ရွှေစည်းခုံစေတီတော်ကြီး အင်္ဂါထောင့်မဏ္ဍပ်တွင်ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေမိုက်များ ဈေးပြိုင်လေလံစနစ်ဖြင့်ရောင်းချပွဲအခမ်းအနားတွင် ရွှေစည်းခုံဘုရားကြီးလုံးတော်ပြည့် ရွှေသင်္ကန်းဆက်ကပ်ခြင်းလုပ်ငန်းဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက အဖွင့်အမှာစကားပြောကြားကာ ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရေး စတုတ္ထပိုင်းဖြစ်သည့် အလယ်ပစ္စယံ၊ အောက်ပစ္စယံ၊ နတ်မုခ်(၄)ခု၊ နတ်လှေကား(၄)စင်း၊ ခြင်္သေ့ကြီး (၄)စီး၊ ကြာသွပ်အိုး (၈)လုံးတို့အား ရွှေသင်္ကန်းဆက်လက်ကပ်လှူပူဇော်နိုင်ရေးဂေါပက ဒုတိယဥက္ကဋ္ဌ (၁) ဦးဝင်းမောင်မြင့် က ရွှေမိုက်လေလံစည်းကမ်းချက်များအား ပြောကြားခဲ့သည်။ ပြီးနောက် ရွှေမိုက်လေလံပွဲသို့ တက်ရောက်လာကြသူ ဆွဲဝယ်ယူမည့်သူများက ရွှေမိုက်လေလံကိစ္စနှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်းသိရပြီး ရွှေမိုက်လေလံ ပွဲစတင်ကျင်းပခဲ့ကြောင်းသိရသည်။


ဒီပါလင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages