တနင်္သာရီတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

တနင်္သာရီတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

005

နေပြည်တော်၊ ဇန်နဝါရီ ၁၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ အမြဲတမ်း အတွင်းဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က တနင်္သာရီတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။ 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကော့သောင်းမြို့ Victoria Cliff ဟိုတယ်၌ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Ms. Ma Jia နှင့် တွေ့ဆုံပြီး မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နေမှု၊ လန်ချန်း-မဲခေါင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများ၊ လန်ချန်း-မဲခေါင်စီမံကိန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက် မည့်လုပ်ငန်းများကို ဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် အဖွဲ့ဝင်များသည် ကော့သောင်းမြို့ မဉ္ဇူသကခန်းမ၌ ကျင်းပပြုလုပ် သည့် မဲခေါင်- လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေ(၂၀၂၂)ဖြင့် ဆောင်ရွက်သည့် ကံမော်ကြီး ကျေးရွာနှင့် ရေငံကြီးကျေးရွာ ဆိုလာအသေးစား ဓာတ်အားပေးစနစ်နှင့် ရေပေးဝေရေးလုပ်ငန်း စီမံကိန်းပြီးမြောက်အောင်မြင်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကံမော်ကြီးကျေးရွာနှင့် ရေငံကြီးကျေးရွာ ဆိုလာအသေးစား ဓာတ်အားပေးစနစ် စီမံကိန်းလုပ်ငန်းနှစ်ခုသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံ ငွေ(၂၀၂၂)၊ ပြည်ထောင်စုရန်ပုံငွေ၊ သက်ဆိုင်ရာ ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကျေးရွာပြည်သူထည့် ဝင်ငွေတို့ အချိုးကျပူးပေါင်းထည့်ဝင် ဆောင်ရွက်ခဲ့ ခြင်းဖြစ်ပြီး အစိုးရ-ပြည်သူ-ပုဂ္ဂလိက သုံးပွင့်ဆိုင် လက်တွဲညီညီဆောင်ရွက်မှု စံနမူနာပြ စီမံကိန်း တစ်ခုဖြစ်ကြောင်း၊ စီမံကိန်းမှ ဆိုလာအသေးစား ဓာတ်အားပေးစနစ်ဖြင့် ရေပေးဝေရေးလုပ်ငန်းများကို ဆောင်ရွက်ထားရှိသည့်အတွက် ကျေးရွာ နှစ်ရွာရှိ အိမ်ခြေ ၅၄၀ ခန့်၊ လူဦးရေ ၂၇၀၀ တို့၏ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးများ တိုးတက်လာ မည့်အပြင် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာစေမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးက တရုတ်-မြန်မာနှစ်နိုင်ငံ မဲခေါင်- လန်ချန်း စီမံကိန်းပူးပေါင်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တနင်္သာရီတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ Mega Global Green Automation ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာက စီမံကိန်းဆောင်ရွက်ခဲ့မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းပြောကြား ကြပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးတို့သည်ကြီးတို့သည် စီမံကိန်းဆိုင်ရာ မှတ်တမ်းဓာတ်ပုံပြခန်းများကို လှည့်လည်ကြည့်ရှုကြပြီး ပြည်ထောင်စုဝန်ကြီးသည် ကော့သောင်းမြို့ နယ်အတွင်းရှိ ကံမော်ကြီး၊ ရေငံကြီး၊ ဘာလိအော်၊ အောင်မြန်မာ၊ ကံပုံ၊ မှာတမ်း စသည့် ကျေးရွာများမှ ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေး ပြောကြားကာ ဒေသခံတောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကော့သောင်းမြို့နယ်ရှိစူငယ်ဘာလှိုင်း ကျေးရွာအုပ်စု၊ အောင်ဘာကျေးရွာ၌ နိုင်ငံတော်မှ ထောက်ပံ့ရန်ပုံငွေ ၆၀ ရာခိုင်နှုန်း၊ ကုမ္ပဏီမှ ၂၀ ရာခိုင်နှုန်း၊ ပြည်သူ ထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်းတို့ဖြင့် မဟာဓာတ်အား လိုင်းပြင်ပ ဆိုလာအသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းကို ၁၂၀ ဒသမ ၆၄ ကီလိုဝပ်၊ ဒီဇယ် ၂၀၀ ကေဗွီအေ စွမ်းအားထပ်မံတိုးမြှင့် တပ်ဆင် ခြင်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရ ရှိသည်။ 


Join - https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Pages