ကျိုက်လတ်မြို့နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကျိုက်လတ်မြို့နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပ

001

002

003

005

ကျိုက်လတ်၊ ဇန်နဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့နံနက် (၉) နာရီ အချိန်မှစတင်၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ပထမနေ့အား စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပဆောင်ရွက်လျက်ရှိသည်။

ပွဲတော်၌ ဌာနဆိုင်ရာပြခန်းများ၊ MSMEပြခန်း၊ ကာယ၊ ဉာဏပြိုင်ပွဲများ၊ စာပေဟောပြောပွဲ၊ လူငယ်စကားဝိုင်း၊ စာအုပ်အရောင်းဆိုင်များ၊ ဧည့်ခံဆိုင်းဝိုင်းတို့ ထည့်သွင်းကျင်းပဆောင်ရွက်ရာ မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ၊ ဆရာ/မများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြပြီး ပြခန်းပြသထားရှိမှုနှင့် ပြိုင်ပွဲများကျင်းပဆောင်ရွက်မှုတို့အား ဖျာပုံခရိုင်ပညာရေးမှူး ဦးဝင်းအောင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ကျိုက်လတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့် အဆိုပါပွဲတော်အား ဇန်နဝါရီ (၁၃) ရက်နေ့မှ စတင်၍ ဇန်နဝါရီ (၁၄) ရက်နေ့ထိ (၂) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages