ပွင့်ဖြူမြို့နယ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေ (၂၅၃)သိန်း ထုတ်ချေးပေးခဲ့ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပွင့်ဖြူမြို့နယ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေ (၂၅၃)သိန်း ထုတ်ချေးပေးခဲ့

031

032

033


ပွင့်ဖြူ၊ ဇန်နဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန်နှင့် ဒေသခံတောင်သူများ အခက်အခဲမရှိ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေကျပ်(၂၅၃)သိန်း ‌ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း အဆိုပါ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

 “ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီအတွက် ဒေသတွင်းရှိ ဆောင်းသီးနှံစိုက်ပျိုးတောင်သူတွေကို အချိန်မီသီးနှံစိုက်ပျိုးနိုင်ဖို့နဲ့ သီးနှံစိုက်ပျိုးစွမ်းအားတိုးတက်စေဖို့ရည်ရွယ်ပြီး  ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေ (၂၆၉)သိန်း   လျာထားထုတ်ချေးဆောင်ရွက်ခဲ့ရာ ကျေးရွာအုပ်စု(၂)အုပ်စုက တောင်သူ ၄၆ ဦးကို  ဆောင်းသီးနှံကုလားပဲဖြူလုံးကြီး စိုက်ဧက (၂၅၃)ဧကအတွက် တစ်ဧကလျှင် စိုက်ပျိုးစရိတ်ချေးငွေကျပ်(၁)သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၂၅၃ သိန်း ထုတ်ချေးပေးခဲ့ပါတယ်။ ချေးငွေထုတ်ချေးခြင်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ တတိယပတ်ကစပြီး ထုတ်ချေးပေးခဲ့ပါတယ်။ ဒီဇင်ဘာလ တတိယပတ်မှာ စိုက်ပျိုးစရိတ်ချေးငွေ ချေးယူလိုတဲ့ တောင်သူတွေကို အောင်မြင်စွာ ထုတ်ချေးပေးနိုင်ခဲ့ပါတယ်”ဟု ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တာဝန်ခံဘဏ်မန်နေဂျာ ဦးအေးမင်းနိုင်က ပြောသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက  စိုက်ပျိုးစရိတ်ချေးငွေ လာရောက်ထုတ်ချေးယူသည့် ဒေသခံတောင်သူများကို ချေးငွေအတိုးနှုန်းထားများနှင့် သတ်မှတ်ကာလတွင် ချေးငွေများကို ပြေကြေစွာ အချိန်မီ ပေးဆပ်ရမည့် ချေးငွေစည်းကမ်းချက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားပြီး တောင်သူများထံ စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages