မင်းဘူး(စကု)မြို့နယ်ရှိ လျှပ်စစ်ရေတင်လုပ်ငန်းနှစ်ခုမှ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် စိုက်ဧကပေါင်း ၁၃၀၀ အတွက် စိုက်ပျိုးရေများ ဖြန့်ဝေပေးသွားမည် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မင်းဘူး(စကု)မြို့နယ်ရှိ လျှပ်စစ်ရေတင်လုပ်ငန်းနှစ်ခုမှ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် စိုက်ဧကပေါင်း ၁၃၀၀ အတွက် စိုက်ပျိုးရေများ ဖြန့်ဝေပေးသွားမည်

034

035

036

မင်းဘူး၊ ဇန်နဝါရီ ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)လက်အောက်ရှိ ကမ်းနီလျှပ်စစ်မြစ်ရေတင်လုပ်ငန်းနှင့် ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်းနှစ်ခုမှ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါးနှင့် အခြားသီးနှံ ဧကပေါင်း ၁၃၀၀ အတွက် စိုက်ပျိုးရေများကို စတင်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

“ကမ်းနီနဲ့ကျောက်စံ လျှပ်စစ်ရေတင်လုပ်ငန်းနှစ်ခုကနေ ဒီနှစ်နွေသီးနှံ စိုက်ပျိုးရာသီမှာ နွေစပါး၊ နွေနှမ်း၊ နွေပဲတီစိမ်း၊ ဖူးစာပြောင်းနဲ့ အခြားသီးတွေအတွက် စိုက်ပျိုးရေကို ယခုလ ၂၅ ရက်နေ့မှ စတင်ပြီး ရေပေးဝေသွားမှာဖြစ်ပါတယ်။ ယခုလို စိုက်ပျိုးရေကို ရာသီမရွေး လုံလောက်စွာပေးဝေနိုင်ဖို့နဲ့ မီတာယူနစ်ကုန်ကျစရိတ်သက်သာအောင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ပံ့ပိုးမှုနဲ့ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာဓါတ်အားပေးစနစ်ကို အဆင့်မြှင့်တင်ပြီး ဆောင်ရွက်ပေးထားတဲ့အတွက် ဒေသခံတောင်သူတွေရဲ့ စိုက်ပျိုးရေးကဏ္ဍကို အထောက်အကူပြုကာ များစွာအကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။” ဟု မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ တာဝန်ခံ ဦးစီးအရာရှိ ဦးစိုးညွန့်လင်းက ပြောသည်။

မင်းဘူး(စကု)မြို့နယ်၌ အဆိုပါလျှပ်စစ်ရေတင် လုပ်ငန်းနှစ်ခုမှ ယခင်နှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါး ၃၇၈ ဧကနှင့် အခြားသီးနှံ ၉၄၆ ဧကကို စိုက်ပျိုးရေများ အောင်မြင်စွာပေးဝေနိုင်ခဲ့ကြောင်း၊ အလားတူ (ယခုနှစ်) ၂၀၂၄-၂၀၂၅ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါး ၃၉၀ ဧကနှင့် အခြားသီးနှံ ၉၁၀ ဧက၊ စုစုပေါင်း ၁၃၀၀ ဧကကို လျာထားစိုက်ပျိုးသွားမည်ဖြစ်ပြီး စိုက်ပျိုးရေများ လုံလောက်စွာ ဖြန့်ဝေဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မောင်မောင်(မင်းဘူး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages