နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လယ်ဝေးမြို့နယ် ပေါက်မြိုင်ကျေးရွာအုပ်စုနှင့် အလယ်ကျွန်းကျေးရွာအုပ်စုတို့တွင် ရေကြီးနစ်မြုပ်မှုကြောင့်ဆုံးရှုံးခဲ့သည့် တိရစ္ဆာန်များအတွက် အစားထိုးပြန်လည်ဖြည့်ဆည်းပေးအပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လယ်ဝေးမြို့နယ် ပေါက်မြိုင်ကျေးရွာအုပ်စုနှင့် အလယ်ကျွန်းကျေးရွာအုပ်စုတို့တွင် ရေကြီးနစ်မြုပ်မှုကြောင့်ဆုံးရှုံးခဲ့သည့် တိရစ္ဆာန်များအတွက် အစားထိုးပြန်လည်ဖြည့်ဆည်းပေးအပ်

007

နေပြည်တော်၊ ဇန်နဝါရီ ၁၅

လယ်ဝေးမြို့နယ် ပေါက်မြိုင်ကျေးရွာအုပ်စုနှင့် အလယ်ကျွန်းကျေးရွာအုပ်စုတို့တွင် ရေကြီးနစ်မြုပ် မှုကြောင့် ဆုံးရှုံးခဲ့သည့် တိရစ္ဆာန်များအတွက် အစား ထိုးပြန်လည်ဖြည့်ဆည်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က ပေါက်မြိုင်ကျေးရွာ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာ စကားပြောကြားပြီး မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန တိုင်းဦးစီးမှူးက ရေကြီးနစ်မြုပ်မှုကြောင့် ဆုံးရှုံးခဲ့သည့် တိရစ္ဆာန်များအတွက် အစားထိုး ပြန်လည်ဖြည့်ဆည်းပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီဝင်များက တောင်သူများထံ အစားထိုးပြန်လည်ဖြည့်ဆည်းပေးသော တိရစ္ဆာန် များကို လွှဲပြောင်းပေးအပ်သည့် မှတ်တမ်းလွှာများ ပေးအပ်၍ အစားထိုးပြန်လည်ဖြည့်ဆည်းပေးသည့် ဒေသနွားများ၊ ဆိတ်၊ ကြက်နှင့် ဝက်တို့ကို ကြည့်ရှု အားပေးသည်။

ယင်းနောက် လယ်ဝေးမြို့နယ် ပေါက်မြိုင် ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ဆရာ ဆရာမများနှင့် တွေ့ဆုံပြီး ကျောင်းဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် မတည်ငွေကျပ် ၁၀ သိန်းကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်သည်။

ဆက်လက်၍ လယ်ဝေးမြို့နယ် ပေါက်မြိုင် ကျေးရွာအနီး ဆောင်းသီးနှံ မတ်ပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုကိုလည်းကောင်း၊ အေလာ ကျေးရွာအုပ်စု ရွာမကျေးရွာအတွင်းရှိ ဂိုဏ်းထောက် ကျောင်းတိုက်အနီးရှိ ရုံးပင်ချောင်းကမ်းပါးထိန်း လုပ်ငန်း ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဂိုဏ်းထောက်ကျောင်း တိုက်အတွင်း သီတင်းသုံးနေသည့် ဆရာတော်ဘဒ္ဒန္တပညာဝံသအား ဖူးမြော်ကြည်ညိုကာ လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် အေလာကျေးရွာအုပ်စု ဒိုဘီကုန်း ကျေးရွာအတွင်းရှိ “အောင်” စက်မှုလက်မှု၊ စပါးနှင့် ပဲအမျိုးမျိုးခြွေလှေ့စက် ထုပ်လုပ်ရေးလုပ်ငန်းမှ ရိတ်သိမ်းခြွေလှေ့စက်များ ထုတ်လုပ်နေမှုကို လည်းကောင်း၊ ပေါက်မြိုင်ကျေးရွာနေ တောင်သူ ဦးအောင်ကိုထက်၏ ကိုယ်တိုင်ပြုလုပ်သုံးစွဲနေသည့် လက်ဆွဲကောက်စိုက်စက်ကိုလည်းကောင်း၊ အေလာ ကျေးရွာအုပ်စု စက်ပိုင်းကျေးရွာအနီး နေပြည်တော် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်နေသည့် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းနှင့် ရုံးပင်ချောင်း (ပလွေး ချောင်း) ကမ်းပါးရေတိုက်စားကမ်းပြိုမှုကာကွယ် ရေးလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ဝက္ကမူကျေးရွာအုပ်စု ဝက္ကမူကျေးရွာအနီး ရာဘာ ရေလွှဲဆည်မှ စိုက်ပျိုးရေပေးဝေနေမှုကိုလည်း ကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ သည် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁)၌ ကျင်းပသည့် နေပြည်တော်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅)သို့ တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် နေပြည်တော်လယ်ယာမြေ နှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက နေပြည်တော်အတွင်း လယ်ယာ မြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးလုပ်ငန်းများနှင့် ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း တင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြ ချက်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။ 


Join - https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Pages