ထားဝယ်၊ ဇန်နဝါရီ ၂၅
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးနှင့်အတူတာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ထားဝယ်သူနာပြုသင်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ကမ်းနားလမ်း တစ်လျှောက်တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က ထားဝယ်သူနာပြုသင်တန်းကျောင်းဝင်းအတွင်း စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည် ၍ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် က ကျောင်း ဝင်းအတွင်း၌ သင်တန်းသား/သူများနေထိုင်သည့် အဆောင်များ၊ နေရာထိုင်ခင်း၊ သူနာပြုသင်တန်းသား /သူများကျွေးမွေး နေသည့် စားသောက်ဖွယ်ရာများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားကာ သင်တန်းသား/ သူများအား ရင်းရင်းနှီးနှီးလိုက်လံနူတ်ဆက် သည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ် က ကြက်စားပြင်ရပ်၊ ကမ်းနားလမ်းတစ်လျှောက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး အထိလမ်းချဲ့ခြင်းလုပ်ငန်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးနှင့်အောင်တံခွန်ငါးဈေးအကြား ၂ လမ်းသွားချဲ့ခြင်းနှင့် ၄ လမ်းလမ်းသွားချဲ့ခြင်းလုပ်ငန်းများ၊ ဘုမ္မော်ချောင်းကူးတံတား( ၈၀ ပေ သံကူကွန်ကရစ် တံတား ၁ စင်း ) တည်ဆောက် နေမှုအခြေအနေ၊ ဆိပ်ကမ်းသာပန်းခြံရှေ့မြေယာရှုခင်းဆောင်ရွက်ပြီးစီးမှုအခြေအနေ ၊ ကြက်စားပြင် ဘုန်းကြီးကျောင်း နှင့် အောင်တံခွန်ငါးဈေးကြားလမ်းလယ်ကျွန်းဆောင်ရွက်မည့်နေရာ၊ ကမ်းနားလမ်းအပိုင်း (မြစ်ဘက်ခြမ်း)တွင် အုတ်တံတိုင်း နှင့်လက်ရန်းပြုလုပ်မည့်နေရာ၊ ကမ်းနားလမ်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့်ထပ်မံဆောင်ရွက်မည့် ဆိပ်ကမ်းသာလမ်း၊ ပြည်သူ့အပန်းဖြေရင်ပြင်တွင် လင်းပိုင်ရုပ်ထုဆောင်ရွက်မည့်နေရာ၊ မြောင်းပုလဲချောင်းကူးတံတား၊ ကမ်းနားလမ်းတံတား နှင့်ကွန်ကရစ်လမ်းဆောင်ရွက်နေမှုအခြေအနေ၊ ထားဝယ်-ကမြောကင်း- မောင်းမကန်လမ်း ကျောက်စီရေမြောင်း တည်ဆောက်နေမှု အခြေအနေ၊ များအား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ် က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ လမ်းတံတားတည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်ရက်အတွင်း သတ်မှတ်ထားသည့်စံချိန်စံညွှန်း နှင့်ပြီးစီးအောင်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးသွားပါကဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
#MNP #News #Local
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment