သရက်၊ ဇန်နဝါရီ ၁၄
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်လုံးဆိုင်ရာ သတ္တဌာနဘုရားကြီး၏ (၁၃၅)ကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂) နာရီက သတ္တဌာနဘုရားကြီးဝင်းအတွင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့ပေါ်ရှိကျောင်းတိုက်အသီးသီးမှ ဆရာတော်သံဃာတော်များနှင့် သာသနာ့အနွယ်ဝင်သီလရှင် စုစုပေါင်းအပါး (၁၄၀)အား ဆွမ်းဆန်စိမ်းလောင်းလှူရာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲနှင့် ဝန်ထမ်းများ၊ အလှူရှင်မိသားစုများက သတ်မှတ်ထားသည့် လောင်းလှူမည့် နေရာများမှကြွရောက်လာသည့် ဆရာတော်၊သံဃာတော်နှင့် သာသနာ့အနွယ်ဝင်သီရှင်များအား ဆွမ်းဆန်တော်နှင့်ဝတ္ထုအလှူငွေများ လောင်းလှူပေးခဲ့ကြပြီး ဆရာတော်သံဃာတော်များအား စာရေးတံမဲများဖောက်၍ မဲကျလှူဖွယ်များကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment