နေပြည်တော်၊ ဇန်နဝါရီ ၁၅
မြန်မာနိုင်ငံ၏ စတုတ္ထမြောက် DTH ရုပ်သံလိုင်း အသစ်ဖြစ်သည့် MYANSAT DTH ရုပ်သံလိုင်း ထုတ်လွှင့်မှု စတင်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား၌ကျင်းပရာ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်း နှင့်ဇနီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်ဇနီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် အနုပညာရှင်များတက်ရောက် ကြသည်။
ဦးစွာ ပင်မအဆောက်အဦရှိ Auditorium ခန်းမ၌ MYANSAT DTH ရုပ်သံလိုင်းစတင်ထုတ်လွှင့် မှု ဖွင့်လှစ်ခြင်းအခမ်းအနားကို Animation ဖြင့် ဖွင့်လှစ်ပြသပြီး “အသစ်အဆန်းများဝေဆာ DTH ကမ္ဘာ”အမည်ပေးထားသည့် Video Clip ပြသမှုကို ဆက်လက်၍ ကြည့်ရှုအားပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အဖွင့်အမှာစကားပြောကြား ရာတွင်(အပေါ်ယာပုံ) အများပြည်သူအတွက် ပျော်ရွှင် ကြည်နူးချမ်းမြေ့မှုနှင့် စိတ်ခွန်အားသစ်များ ပေးစွမ်း နိုင်မည့် DTH ရုပ်သံလိုင်းသစ်တစ်ခုကို ထပ်မံတိုးချဲ့ ဖွင့်လှစ်ပေးနိုင်မည်ဖြစ်၍ အဓိပ္ပာယ်ရှိပြီး အနှစ်သာရ ပြည့်ဝသောမင်္ဂလာရှိသည့် အခမ်းအနားတစ်ခုဖြစ်ပါ ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ များ၏ သိရှိ၊ ခံစားပိုင်ခွင့်ဖြစ်သည့် သတင်းအချက် အလက်၊ အသိပညာဗဟုသုတနှင့် ဖျော်ဖြေရေး ဆိုင်ရာများကို ဖြည့်ဆည်းပေးနိုင်ရန် နည်းလမ်းမျိုးစုံ ဖြင့် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တွင် နိုင်ငံပိုင် မီဒီယာများအပြင် ပုဂ္ဂလိကမီဒီယာများ အပါအဝင် မီဒီယာကဏ္ဍတစ်ခုလုံး ဖွံ့ဖြိုးတိုးတက် လာစေရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူချိန်ဖြစ်
သော ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၆)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် MRTV DTH အခမဲ့ရုပ်သံလွှင့်စနစ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်တက်ရောက်ပြီး စတင်ဖွင့်လှစ်ပေးခဲ့ပါကြောင်း။
ယနေ့တွင် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် DTH စနစ်ဖြင့် ရုပ်သံထုတ်လွှင့်မည့် MYANSAT DTH ကို စတင်ဖွင့်လှစ်ပေးမည်ဖြစ်ရာ ပြည်သူများအနေဖြင့် အရည်အသွေးပြည့်ဝသည့် ရုပ်သံလိုင်းများစွာကို စိတ်ကြိုက်ရွေးချယ်ပြီး ကြည့်ရှုနားဆင်ခွင့်များ ပိုမိုတိုးမြှင့်ရရှိကြမည်ဖြစ်ပါကြောင်း၊ နိုင်ငံတစ်ဝန်းရှိ မိဘပြည်သူများအတွက် သတင်းအချက်အလက်နှင့် အသိပညာဗဟုသုတများအပြင် ဖျော်ဖြေရေးကဏ္ဍ စုံလင်စွာဖြင့် ဝန်ဆောင်မှုပေးမည့်၊ ပြည်သူများ ပျော်ရွှင်ချမ်းမြေ့ပြီး စိတ်ခွန်အားသစ်များပေးစွမ်းနိုင် မည့်၊ ဆန်းသစ်သည့်နိုင်ငံတကာနည်းပညာများနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝတို့ဆုံမှတ်နေရာတစ်ခု ဖြစ်သော ပေါင်းကူးတံတားပုံစံဖြင့် ဝန်ဆောင်မှုပေး မည့် MYANSAT DTH ရုပ်သံလိုင်းအသစ် ဖွင့်လှစ်နိုင် မှုအပေါ် ဂုဏ်ယူဝမ်းမြောက်စွာကြိုဆိုအားပေးပါ ကြောင်း ပြောကြားသည်။
ယင်းနောက် Borderless Broadcast Co.,Ltd. မှ CEO ဦးသုတဇော် က MYANSAT DTH Product နှင့် MYAN SAT App အကြောင်း ရှင်းလင်းတင်ပြပြီး Lao Asia Pacific Satellite Co.,Ltd. မှ Deputy CEO မစ္စတာလီကျုံးရွမ်က ဂုဏ်ယူဝမ်းမြောက်စကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ Borderless Broadcast Co.,Ltd CEO နှင့် Lao Asia Pacific Satellite Co.,Ltd. မှ Deputy CEO တို့က MYANSAT DTH ရုပ်သံလိုင်းထုတ်လွှင့်မှုကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြသည်။(အပေါ်ပုံ) ယင်းနောက် ကုမ္ပဏီ CEO ဦးသုတဇော်က ပြည်ထောင်စုဝန်ကြီးအား MYANSAT DTH စတင် ဖွင့်လှစ်မှု အထိမ်းအမှတ်လက်ဆောင်ကိုလည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ထံ MRTV DTH အခမဲ့ဝန်ဆောင်မှု ရုပ်သံထုတ်လွှင့်မှုစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုရန် MRTV DTH စက်ပစ္စည်းအစုံ ၃၀၀၀ ကိုလည်းကောင်း ပေးအပ်သည်။ ဆက်လက်၍ CEO ဦးသုတဇော်က MYANSAT DTH စက်ပစ္စည်းများ ဖြန့်ဖြူးရေးအတွက် Auth- orization Letter များကို အရောင်းကိုယ်စားလှယ် သုံးဦးထံ လွှဲပြောင်းပေးအပ်ပြီး MYANSAT DTH စတင်ဖွင့်လှစ်မှု အထိမ်းအမှတ်လက်ဆောင်များကို ဧည့်သည်တော်များထံ လိုက်လံပေးအပ်သည်။
ယင်းနောက် MRTV Orchestra နှင့် တွဲဖက်၍ နာမည်ကျော်တေးသံရှင်များဖြစ်ကြသည့် Lဆိုင်းဇီ၊ မိုးသောက်၊ အေးမြဖြူ၊ ပူစူးနှင့် အိုင်ရင်းဇင်မာမြင့် တို့က သီဆိုဖျော်ဖြေတင်ဆက်ကြသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒေါက်တာစိုးဝင်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့က MRTV Orchestra နှင့်အနုပညာရှင်များအား ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးအပ်သည်။
ယနေ့စတင်ဖွင့်လှစ်ခဲ့သည့် MYANSAT DTH အမည်ဖြင့် ရုပ်သံလိုင်းများထုတ်လွှင့်မည့် Border- less Broadcast Co., Ltd. ရုပ်မြင်သံကြားနှင့် ပူးပေါင်း၍ DTH စနစ်ဖြင့် ရုပ်သံ လိုင်းများထုတ်လွှင့်နိုင်ရန် လုပ်ထုံးလုပ်နည်းများနှင့် အညီ ခွင့်ပြုချက်ရယူဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၅ ရက်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နှင့် သဘောတူစာချုပ် ချုပ်ဆို၍ ၂ဝ၂၄ ခုနှစ် ဩဂုတ် ၁၅ ရက်မှစပြီး နိုင်ငံတစ်ဝန်းသို့ စမ်းသပ် ထုတ်လွှင့်ခဲ့ရာမှ ယနေ့တွင် အခမ်းအနားကျင်းပကာ စတင်ထုတ်လွှင့်ခြင်းဖြစ်သည်။
MYANSAT DTH အနေဖြင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ၊ ရိုးရာထုံးတမ်းအစဉ်အလာများ၊ သဘာဝသယံဇာတများ၊ ပြည်တွင်းသတင်းနှင့် နိုင်ငံ တကာဖျော်ဖြေရေး အစီအစဉ်များကို အများပြည်သူ ကြည့်ရှုနိုင်ရန်အတွက် ဝန်ဆောင်မှုပေးနေသည့် ဖျော်ဖြေရေးမီဒီယာများနှင့်ပူးပေါင်းကာ နိုင်ငံတကာ အဆင့်မီရုပ်သံအစီအစဉ်များ၊ ရသမျိုးစုံ၊ ဗဟုသုတ မျိုးစုံ ပေးစွမ်းနိုင်မည့် နိုင်ငံတကာရုပ်သံလိုင်းများစွာ ကို Package နှစ်မျိုးခွဲခြား၍ ရုပ်သံလိုင်း ၉၈ လိုင်း ໐ MYANSAT DTH Package (1) ၁၇၆ လိုင်းပါဝင်သော Package (2)တို့ဖြင့် ထုတ်လွှင့် ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပရိသတ်များအနေဖြင့် မြန်မာရုပ်သံလိုင်း များကို စုံလင်စွာရွေးချယ်ကြည့်ရှုနိုင်ရန် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား၏ ရုပ်သံလိုင်းများဖြစ်သည့် MRTV HD, MRTV News, MRTV Parliament, MRTV NRC, MRTV Farmers', MRTV Sport, MITV Education Channel ဟူသည့် ရုပ်သံလိုင်း ၈ လိုင်း Fortune, Channel-K, 5-plus, YTV, MAHAR, MAHAR ESPORTS ရုပ်သံလိုင်းများကိုလည်း ထည့်သွင်းပြသမည်ဖြစ်ကြောင်း နှင့် အခြားပုဂ္ဂလိက Channel များ ဆက်လက်ထည့်သွင်းပြသနိုင်ရန်နှင့် ကိုယ်ပိုင်ရုပ်သံလိုင်းများ ထုတ်လုပ်၍ တင်ဆက်နိုင် ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ MYANSAT DTH ၏ ရုပ်သံအစီအစဉ်များကို Mobile Phone များပေါ်မှလည်း နေရာဒေသမရွေး၊ အချိန်မရွေး ကြိုက်နှစ်သက်ရာ ရွေးချယ်ကြည့်ရှုနိုင်မည့် MYANSAT Application ဖြင့်လည်း ကြည့်ရှုနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
MYANSAT DTH အမည်ဖြင့် ဆောင်ရွက်သည့် BBTV ကုမ္ပဏီအနေဖြင့် MRTV DTH Free To Air အခမဲ့ဝန်ဆောင်မှုစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်း စက်ပစ္စည်းအသစ် အစုံ ၁၀၀၀၀ ကို သုံးနှစ် အတွင်း ပေးအပ်မည်ဖြစ်ရာ ယနေ့အခမ်းအနားတွင် စက်ပစ္စည်းအသစ် အစုံ ၃၀၀၀ ကို ဦးစွာပေးအပ်ခြင်း ဖြစ်သည်။
BBTV ကုမ္ပဏီအနေဖြင့် China Rocket ကုမ္ပဏီ လီမိတက်၊ Laosat ကုမ္ပဏီလီမိတက်တို့နှင့် ပူးပေါင်း : Laosat 1 Satellite 3: China Aerospace Science and Technology Corporation (CASC) ၏ Multi Village Plan ၊ Sky Star Class Room Plan တို့ဖြင့် မြန်မာနိုင်ငံ နယ်စပ်ဒေသအထိ စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာအသိပညာ၊ လူငယ်များ အတွက် ပညာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဆင်းရဲနွမ်းပါးမှုများ လျှော့ချနိုင်ရန်၊ ၂ နှစ်အတွင်းမြန်မာနိုင်ငံရှိ ကျေးရွာပေါင်း ၄၂ ရွာမှ ကျေးရွာပေါင်း ၁၀၀ အထိ MYANSAT DTH စက်ပစ္စည်းများအပြင် TV နှင့် Solar စနစ် Battery များကို အဆင့်လိုက် တိုးချဲ့လှူဒါန်းနိုင်ရန် China AID အကူအညီရယူပြီး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment