ဖေဖော်ဝါရီ - ၈ (စနေနေ့ )
ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းကို အကူအညီဆက်ပေးရမယ်ဆိုရင် ခိုင်မာတဲ့ သက်သေခံအဖြစ် ယူကရိန်းနိုင်ငံမှာ ရှိတဲ့ မြေရှားသတ္တုတွေကို တူးထုတ်ခွင့်ပေးရမယ်လို့ ဆိုလာပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ယူကရိန်းသမ္မတ ဇီလန်စကီးက အမေရိကန်အနေနဲ့ ယူကရိန်း လုံခြုံရေးကို အာမခံနိုင်ဆိုရင် မြေရှားသတ္တုတွေကို တူးထုတ်ခွင့်ပေးမယ်လို ဒီကနေ့ ပြောလာပါတယ်။ နောက်ပြီးတော့ ယူကရိန်းမှာ ရှိတဲ့ မြေရှားသတ္တုတွေက ရုရှားနဲ့ စစ်ဖြစ်ပြီးကတည်းက တစ်ဝက်လောက် ကုန်သွားပြီဖြစ်ကြောင်းနဲ့ သူတို့အနေနဲ့ ထွက်လာတဲ့ မြေရှားသတ္တုရဲ့ ၂၀ % ကို လိုချင်ကြောင်းလည်းပြောသွားပါတယ်။
ယူကရိန်းမှာက မီးချောင်းတွေနဲ့ တီဗွီထုတ်လုပ်မှုမှာ သုံးတဲ့ လန်သနန်သတ္တု၊ လေအားလျှပ်စစ်ထုတ်တဲ့ တာဘိုင်တွေနဲ့ လျှပ်စစ်ကားတွေ ထုတ်တဲ့နေရာမှာ သုံးတဲ့ နီယိုဒိုင်မီယံသတ္တု၊ နောက်ပြီးတော့ နျူကလီးယ စွမ်းအင်ကနေ လေဆာထုတ်တဲ့နေရာမှာသုံးတဲ့ အာဘီယံနဲ့ ဝိုင်ယက်ထရီယံသတ္တုတွေ ထွက်ပါတယ်။ ဥရောပမှာ ရှားရှားပါးပါး မြေရှားသတ္တုတွေ အများအပြားထွက်ရှိတဲ့ ယူကရိန်းအနေနဲ့ အမေရိကန်ရဲ့ ငွေကြေး အကူအညီအတွက် အဲ့ဒါတွေကို အမေရိကန်လက်ထဲကို ထိုးထည့်ရတော့မှာပါ။
REF: Reuters
#News #MNP #International
https://t.me/MyanmarNationalPost
No comments:
Post a Comment