ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိအောင် စိုက်ပျိုးနိုင်ခဲ့သည့် တောင်သူလယ်သမားကြီးများကို တောင်သူလယ်သမားနေ့တွင် ဂုဏ်ပြုနိုင်ရန် ပဲခူးတိုင်းဝန်ကြီးချုပ် လှမ်းညွှန်မှာကြား - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိအောင် စိုက်ပျိုးနိုင်ခဲ့သည့် တောင်သူလယ်သမားကြီးများကို တောင်သူလယ်သမားနေ့တွင် ဂုဏ်ပြုနိုင်ရန် ပဲခူးတိုင်းဝန်ကြီးချုပ် လှမ်းညွှန်မှာကြား

029

ပဲခူး၊ ဖေဖော်ဝါရီ ၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက (၆၃)နှစ်မြာက် တောင်သူလယ်သမားနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာတောင်သူလယ်သမားနေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ဒေသဖြစ်ကာ မရှိမဖြစ်အခြေခံစားသုံးကုန်ဖြစ်သည့် ဆန်၊ ဆီထွက်သီးနှံနှင့် ပဲအမျိုးအမျိုးအား ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိအောင် စိုက်ပျိုးနိုင်ခဲ့သည့် တောင်သူလယ်သမားကြီးများကို ချီးကျူးဂုဏ်ပြုပေးနိုင်ရေးနှင့် တက်ရောက်လာသည့် အခြားတောင်သူများကိုလည်း မျိုး၊ မြေ၊ ရေ၊ နည်း အဓိကလမ်း(၄)သွယ်၏ အရေးပါပုံများ၏အတွေ့အကြုံကောင်းများကို တောင်သူအချင်းချင်း ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းများလည်း ထည့်သွင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ စပါး၊ ပြောင်း၊ နှမ်း၊ နေကြာ၊ ပဲနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်း များ၊ ခြံလှောင်စနစ်ဖြင့် နွား၊ ဒေသဝက်၊ ဒေသကြက်၊ ဆိတ်နှင့် ဥစားဘဲ မွေးမြူရေးခြံများ ထည့်သွင်းပြသသွားမည်ဖြစ်ရာ တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်းများမှ ကျောင်းသား/သူများနှင့် စိုက်ပျိုးရေးသိပ္ပံမှ ကျောင်းသား/သူများ၊ ဆရာ/ဆရာမများကို ဖိတ်ကြားသွားရမှာဖြစ်ကြောင်း၊ ခရိုင်(၆)ခုအတွက် ဟင်းသီးဟင်းရွက် သစ်သီးဝလံပြပွဲ ပြိုင်ပွဲများနှင့်ပတ်သက်၍ အမှတ်ပေးစည်းမျဉ်း စည်းကမ်းများကို ကြိုတင်ဖြန့်ဝေပေးထားရန်လိုအပ်ပြီး တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့် လယ်ယာသုံး စက်ကိရိယာများကို တက်ရောက်လာသည့် တောင်သူများ ကြည့်ရှုလေ့လာ ဝယ်ယူနိုင်ရေး အရောင်းပြခန်းများနှင့် ဒေသထွက် MSME အရောင်းပြခန်းများ ထည့်သွင်း ပေးသွားရမှာဖြစ်ကြောင်းနှင့် ဖွဲ့စည်းပေးထားသည့် လုပ်ငန်းကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများအား ပွင့်ပွင့်လင်းလင်း တင်ပြ ဆွေးနွေးကြစေလို ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၅ ခုနှစ်၊ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား ကျင်းပရေးဦးစီး ကော်မတီ၊ ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံရေးလုပ်ငန်းကော်မတီ၊ ဇာတ်သဘင်နှင့် ဖျော်ဖြေရေးလုပ်ငန်းကော်မတီ၊ အခမ်းအနားပြင်ဆင်ရေး လုပ်ငန်းကော်မတီ၊ ပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ ပို့ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လုပ်ငန်းစဉ်တစ်ခုချင်း အလိုက် ရှင်းလင်းတင်ပြခဲ့ကြသည်။ ၎င်းနောက် ဘဏ္ဍာရေးလုပ်ငန်း ကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၊ စာရင်းစစ်ဆေးရေးလုပ်ငန်းကော်မတီ၊ ပြခန်း ဟင်းသီး ဟင်းရွက်နှင့် သစ်သီဝလံပန်းမန် အကဲဖြတ်ဒိုင်၊ MSMEs ဈေးရောင်းပွဲတော်နှင့်ပြခန်းများ ကျင်းပနိုင်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တောင်သူလယ်သမားနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေ အနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများက ခရိုင်အလိုက် MSMEs ထုတ်ကုန်များနှင့် လယ်ယာသုံးစက်ကိရိယာများ ပြသရောင်းချနိုင်ရေး၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီဝလံ ပန်းမန်ပြပွဲပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု၊ အခမ်းအနားသို့ တက်ရောက်မည့် တောင်သူလယ်သမားများနှင့် ကျောင်းသား/သူများ၊ ဆရာ/ ဆရာမများ၏ အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြရာ ၂၀၂၅ ခုနှစ်၊ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကဏ္ဍတစ်ခုချင်း အလိုက် လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင်

#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages