တွံတေးမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

တွံတေးမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

012

013

014

015

016

017

018


တွံတေး၊ ဖေဖော်ဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီ အချိန်က တွံတေးမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်၊ ရန်ကုန် တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ညွန်ကြားရေးမှူး ဒေါ်ခင်စောလင်း၊ တွံတေးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်း၊ တွံတေးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်နွယ်၊ တွံတေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးဝင်းထွန်းနိုင် တွံတေးခရိုင် ပညာရေးမှူး ဒေါ်ခင်စန်းရီတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး တက်ရောက်လာကြသော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်လာကြသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စာဖတ်ရှိန်မြှင့်တင်ရေးဆိုင်ရာ ဂိမ်းပြိုင်ပွဲများနှင့်ပြိုင်ပွဲများအား လှည့်လည် ကြည့်ရှု့အားပေးပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ လာရောက်ကြသော ကျောင်းသား၊ ကျောင်းသူများအား ငွေကျပ် ၁၀ သိန်းဖိုးရှိ သုတစာအုပ်များ အမှတ်တရလက်​ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ပညာဘဏ်တိုက်စာကြည့်တိုက်” သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ထာဝရသစ္စာ” သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး အလှူငွေ၊ စာအုပ်စာစောင်များ လှူဒါန်းလက်ခံခြင်းကို ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ကျောင်းစာကြည့်တိုက်အတွက် စာအုပ် (၁၀၀) အုပ်ကို ပေးအပ်လှူဒါန်းရာ တွံတေးမြို့နယ် ပညာရေးမှူးနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးတို့က လက်ခံရယူခဲ့ပြီး “စာဖတ်ခြင်း၏ အကျိုးကျေးဇူး” ခေါင်းစဥ်ဖြင့်ဟောပြောမည့် စာရေးဆရာ ဝင်းထွဋ်ဦးအား ဂုဏ်ပြုလက်ဆောင် ချီးမြှင့်ပေးခဲ့သည်။ ယင်းနောက် ဖျော်ဖြေရေးအဖွဲ့များအား ဝန်ကြီးချုပ်မှ ဖျော်ဖြေရေးအဖွဲ့ဝင်များအားလုံးကိုအတွက် ဂုဏ်ပြုဆုငွေ (၁၅) သိန်းကျပ် ချီးမြှင့်ပေးရာ ဖျော်ဖြေရေးရေးအဖွဲ့ဝင်များ ကလက်ခံရယူခဲ့သည်။

ဆက်လက်၍ မြို့နယ် (၅) မြို့နယ်မှ အလှူရှင်များ၏လှူဒါန်းမှုများအား တိုင်းဒေသကြီးဝန်ကြီးများက လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားကို ဆက်လက်ကျင်းပရာ စာရေးဆရာဝင်းထွဋ်ဦးက “စာဖတ်ခြင်း၏ အကျိုးကျေးဇူး” ခေါင်းစဥ်ဖြင့် စာပေဟောပြောခဲ့သည်။ ဖျော်ဖြေရေးများပြုလုပ်ရာ ကွမ်းခြံကုန်းမြို့နယ် အ.ထ.က (၂) မှ ကျောင်းသား၊ ကျောင်းသူများက သီတာရတနာ၊ ဆိပ်ကြီးခနောင်တိုမြို့နယ် အ.ထ.ကမှ ကျောင်းသား၊ ကျောင်းသူများက လူချွန်လူကောင်း၊ တွံတေးမြို့နယ် အ.ထ.က (၂) မှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်း၊ ကော့မှူးမြို့နယ် အ.ထ.ကမှ ကျောင်းသား၊ ကျောင်းသူများက နှလုံးသားကိုအလှဆင်ပါ၊ ဒလမြို့နယ် အ.ထ.က (ပျော်ဘွယ်ကြီး)မှ ကျောင်းသား၊ ကျောင်းသူများက ဗိုလ်ရှုသဘင်၊ တွံတေးမြို့နယ် အ.ထ.က(၁) မှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း သီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား တာဝန်ရှိသူအသီးသီးက ဆုများချီးမြှင့်ခြင်း၊ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ တွံတေးမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တွံတေး၊ ကော့မှူး၊ ဒလ၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တို့မှ ပြိုင်ပွဲကျောင်းသား၊ ကျောင်းသူများ၊ လေ့လာရေးကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


တွံတေးသား

#MNP #News 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages