သာပေါင်း၊ ဖေဖော်ဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ယမန်နေ့ညနေ ၅ နာရီ ၄၅ မိနစ်အချိန်က ကမ္ဘဲ့ညောင်ကုန်း ကျေးရွာအုပ်စုတွင် နေအိမ်(၁)လုံးပြိုကျ၊ နေအိမ်(၃)လုံး အမိုးလန်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည်။
ထို့သို့ မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ကမ္ဘဲ့ညောင်ကုန်း ကျေးရွာအုပ်စု၊ စက်ဒေါင့်ကြီး ကျေးရွာတွင် ဦးဝင်းမြင့်နှင့် အတူနေအသက်(၁၈)နှစ်အထက် အမျိုးသား(၂)ဦး၊ အမျိုးသမီး(၂)ဦး၊ အသက်(၁၈)နှစ်အောက် အမျိုးသား(၁)ဦး ပေါင်း(၅)ဦးတို့ နေထိုင်ရာ ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်း(၁၅’×၁၅’×၁၂’) နေအိမ်ပြိုကျပျက်စီး၊ ဦးနိုင်လင်းထွန်းနှင့် အတူနေအသက်(၁၈)နှစ်အထက် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး၊ အသက်(၁၈)နှစ်အောက် အမျိုးသား(၁)ဦး၊ ပေါင်း(၃)ဦးတို့နေထိုင်ရာ ဓနိမိုး၊ ဓနိကာ၊ ကြမ်းခင်း(၁၅’×၁၅’×၁၂’) နေအိမ်အမိုးလန်ပျက်စီး၊ ဦးဇင်ဝိုင်းနှင့် အတူနေ အသက်(၁၈)နှစ်အထက် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး၊ အသက်(၁၈)နှစ်အောက် အမျိုးသမီး(၂)ဦး၊ ပေါင်း(၃)ဦးတို့နေထိုင်ရာ သွပ်မိုး၊ ပျဉ်ကာ၊ ပျဥ်ခင်း(၁၅’×၁၅’×၁၂’) နေအိမ်အမိုးလန်ပျက်စီး၊ ဦးဇော်မင်းထူးနှင့်အတူနေအသက်(၁၈)နှစ်အထက် အမျိုးသား(၂)ဦး၊ အမျိုးသမီး(၁)ဦး ပေါင်း(၃)ဦးတို့ နေထိုင်ရာ ဓနိမိုး၊ ထရံကာ၊ ပျဥ်ခင်း(၁၅’×၁၅’×၁၂’)နေအိမ်တို့ အမိုးလန်ပျက်စီးခဲ့ကြရပြီး ပျက်စီးမှုနှင့်ပတ်သက်၍ လူနှင့်တိရစ္ဆာန်များထိခိုက် ဒဏ်ရာရှိခဲ့မှု၊ အသက်အန္တရာယ် ဆုံးရှုံးမှုမရှိပါကြောင်းနှင့် ၎င်းတို့အား နီးစပ်ရာမိဘဆွေမျိုးများ နေအိမ်တွင် ယာယီပြောင်းရွှေ့နေထိုင်ရေး သက်ဆိုင်ရာကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးအဖွဲ့နှင့် မီးသတ်ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းကူညီ စီစဉ်ဆောင်ရွက်ပေးထားလျက်ရှိကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment