နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ၏ အကြံပေးပုဂ္ဂိုလ် H.E. Mr. Anton Kobyakov ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ဖေဖော်ဝါရီ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ကျင်းပခဲ့သော “တတိယအကြိမ်မြောက်အနာဂတ်နည်းပညာဖိုရမ် (3rd Future Technologies Forum)” သို့ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်နှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်တို့ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
ဒုတိယဝန်ကြီးများနှင့်အဖွဲ့သည် ဖေဖော်ဝါရီ ၂၀ ရက်က “တတိယအကြိမ်မြောက် အနာဂတ်နည်းပညာဖိုရမ် (3rd Future Technologies Forum)” တက်ရောက်ကြသူများအား ကြိုဆိုဧည့်ခံသည့် ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးများနှင့်အဖွဲ့သည် ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲပိုင်းတွင် မော်စကိုမြို့ World Trade Centre ၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ သမ္မတဗလာဒီမာပူတင် ဦးဆောင်ကျင်းပသည့် တတိယအကြိမ်မြောက် အနာဂတ်နည်းပညာများဖိုရမ် (3rd Future Technologies Forum) ၏ မျက်နှာစုံညီအစည်းအဝေး (Plenary Session) သို့ ကမ္ဘာအရပ်ရပ်မှ တက်ရောက်လာကြသည့် ထိပ်တန်းအစိုးရအရာရှိကြီးများ၊ ကုမ္ပဏီများ၊ တက္ကသိုလ်များနှင့် သုတေသနစင်တာများမှ သိပ္ပံပညာရှင်များနှင့်အတူ တက်ရောက်ခဲ့ကြသည်။
ဖိုရမ်ကို ယနေ့လက်ခံကျင့်သုံးနေသည့် Horizon များ၏အလွန်တွင် ထပ်မံဖြစ်ပေါ်တိုးတက်လာမည့် Horizon များကို အတူတကွရှာဖွေနိုင်ရန်အတွက် ကျင်းပခဲ့ခြင်းဖြစ်သည်။
ဖိုရမ်အတွင်း မော်စကိုမြို့အား တိုးတက်ပြောင်းလဲစေသည့် ရုပ်ဝတ္ထုအသစ်များကို မိတ်ဆက်ပေးခြင်းအပြင် အနာဂတ်ရုပ်ဝတ္ထုပစ္စည်းများ (Materials of the Future) ခေါင်းစဉ်ဖြင့် ဆွေးနွေးသည့် Panel Discussion ကိုလည်း ထည့်သွင်းကျင်းပခဲ့ပြီး ထင်ရှားကျော်ကြားသည့် ဓာတုဗေဒပညာရှင်သုံးဦးက မဝေးတော့သည့် အနာဂတ်ကို သယ်ဆောင်လာမည့် မြို့ပြဝန်းကျင်ကို ပြောင်းလဲတိုးတက်စေသော ရုပ်ဝတ္ထုပစ္စည်းအသစ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment