မိုင်းတုံ၊ ဖေဖော်ဝါရီ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှအဖွဲ့ဝင်များနှင့် ရပ်ကျေးစာရေးများပူးပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးဝန်းရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီအရာရှိ ဒေါ်နန်းနွမ်းဖောင်ကမြို့နယ် ရွေးကောက်ပွဲကော်မရှင်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်လုပ်ဆောင်ရမည့်လုပ်ငန်းများ၊ အိမ်ထောင်စုလူဦးရေစာရင်းများမှန်ကန်မှုရှိစေရေး၊ ရေးသွင်မှုပုံစံများ၊ ဆောင်ရွက်ရမည့်အချက်များနှင့် ဆောင်ရွက်နေရသည့်အချက်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များကလည်း ဝိုင်းဝန်းကြပ်မတ် ပူးပေါင်းဆောင်ရွက်ပေးကြရန် ပရိုဂျက်တာဖြင့်ချပြ၍ အကျယ်တစ်ဝန်းရှင်းလင်းပြီးနောက် မြို့နယ်လဝက ဦးစီးအရာရှိ ဦးအောင်အောင်ထွန်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်လုပ်ငန်းနှင့်ဆက်လျဉ်း၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အိမ်ထောင် စုလူဦးရေးစာရင်းများကျေးရွာအရောက် ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းသည်လည်း ရွေးကောက်ပွဲကော်မရှင်လုပ်ငန်းတွင် အဓိကအရေးပါတဲ့အတွက်ကြောင့် မိမိကျေးရွာအုပ်စုတွင် ကျန်ရှိနေသောမိသားစုဝင်များရှိပါက လဝကရုံးသို့လာရောက် လုပ်နိုင်ကြောင်း၊ မိမိတို့လုပ်ဆောင်ထားသော လုပ်ငန်းစဉ်စာရင်းများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ရရှိထားသော စာရင်းနှင့်လည်းတိုက်ဆိုင်စစ်ဆေးပြီးပူး ပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးသည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ရပ်ကျေးစာရေးများကလည်း ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လိုအပ်ချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဝင်းဝင်းခိုင်
#MNP #News
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment