မိတ္ထီလာနှင့် မလှိုင်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ပန်းတိုင်အထွက်နှုန်းရရှိရေး ဒေသခံတောင်သူများနှင့် ဆွေးနွေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မိတ္ထီလာနှင့် မလှိုင်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ပန်းတိုင်အထွက်နှုန်းရရှိရေး ဒေသခံတောင်သူများနှင့် ဆွေးနွေး

019

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄

မန္တလေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး မြေပြင်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် ဦးရွှေဇင်သည် ခရိုင်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့က မိတ္ထီလာနှင့် မလှိုင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆွေးနွေးမှာကြားသည်။

ဦးစွာ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးသည် မိတ္ထီလာမြို့နယ် ခင်လူးကျေးရွာ၌ နွေစပါးစိုက်ပျိုးမည့် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရေးနှင့် တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ဆွေးနွေးပြောကြားပြီး တာဝန်ရှိသူများက နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဌာနအလိုက် ဆောင်ရွက်ပေးနေမှုအခြေအနေများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ကဖြူကျေးရွာအုပ်စု မင်းတဲကုန်းကျေးရွာရှိ ကြက်သွန်နီစိုက်ပျိုးသည့် ဒေသခံတောင်သူများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆိုလာစနစ်နှင့် စက်ရေတွင်းမှတစ်ဆင့် ရေသွင်းစိုက်ပျိုးလျက်ရှိသော ဒေသခံတောင်သူဦးအောင်မြင့်၏ ကြက်သွန်နီစိုက်ခင်းများကို ကြည့်ရှုအားပေးသည်။

မွန်းလွဲပိုင်းတွင် မလှိုင်မြို့နယ် သပြေပင်ကျေးရွာ၌ ကြက်သွန်နီစိုက်ပျိုးသည့် ဒေသခံတောင်သူများနှင့်လည်းကောင်း၊ ဖက်ကုန်ကျေးရွာ၌ မိုးကြိုဝါစိုက်ပျိုးသည့် ဒေသခံတောင်သူများနှင့်လည်းကောင်း၊ ထမ္မကြီးကျေးရွာ၌ နွေပဲတီစိမ်းစိုက်ပျိုးမည့် ဒေသခံတောင်သူများနှင့်လည်းကောင်း တွေ့ဆုံအမှာစကားပြောကြား၍ ဒေသခံတောင်သူများ၏ တင်ပြမှုအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နွေသီးနှံစိုက်ပျိုးမည့် ဒေသခံတောင်သူများအတွက် ယူရီးယားဓာတ်မြေဩဇာများ ပေးအပ်ခဲ့ကြောင်း သိရသည်။


#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages