နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က လိုင်စင်မဲ့ မော်တော်ယာဉ် ၁ စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ည ၆ နာရီ ၄၀ မိနစ်အချိန်တွင် စစ်ကိုင်းမြို့နယ်၊ တကောင်းရပ်ကွက်ရှိ ရတနာပုံတံတားစစ်ဆေးရေးဂိတ်၌ စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် မန္တလေး-စစ်ကိုင်း-မုံရွာကားလမ်းအတိုင်း မန္တလေးမြို့ဘက်မှစစ်ကိုင်းမြို့ဘက်သို့ မိတ္ထီလာမြို့နယ်၊ ရိုးကန်ကျေးရွာနေ သန်းဆွေ(၄၃)နှစ် မောင်းနှင်လာသည့် MDY-12 DD/xxxx NISSAN ADVAN အမျိုးအစား အဖြူရောင်မော်တော်ယာဉ်အားစစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာပြသနိုင်ခြင်းဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် သန်းဆွေအား စစ်ကိုင်း မြို့မရဲစခန်း(ပ)၆၄/၂၀၂၅ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment