ယူကရိန်းဆီက သိမ်းထားတဲ့ မြေတွေကနေ မြေရှားသတ္တုတွေကို အမေရိကန်နဲ့ပေါင်းထုတ်မယ်လို့ ပူတင်ပြော - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ယူကရိန်းဆီက သိမ်းထားတဲ့ မြေတွေကနေ မြေရှားသတ္တုတွေကို အမေရိကန်နဲ့ပေါင်းထုတ်မယ်လို့ ပူတင်ပြော

006

ဖေဖော်ဝါရီ - ၂၅ ( အင်္ဂါနေ့ ) 

မော်စကိုသည်  ဒွန်နက်စ် နှင့် လူဂန်စ်ပြည်သူ့သမ္မတနိုင်ငံ၊ ခါဆန်ဒေသနှင့် ဇာပိုရောဇီး ဒေသများအပါအဝင် မြေရှားသတ္တုသိုက်များ ဖွံ့ဖြိုးတိုးတက်ရေးတွင် ဝါရှင်တန်နှင့် လက်တွဲဆောင်ရွက်ရန် အသင့်ရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့ပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရက မော်စကိုနှင့် ယူကရိန်းနိုင်ငံကို တွန်းအားပေးနေတဲ့ မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး  ရုရှား 1 TV သတင်းထောက် ပေဗယ်ဇာရူဗင် နဲ့ အင်တာဗျူးမှာ ပူတင်က အခုလိုပဲ ပြောသွားတာပါ။  

ယူကရိန်းနိုင်ငံရဲ့ မြေရှားသတ္တုသိုက်များ၏ အမှန်တကယ်တန်ဖိုးကို မြင်တွေ့နေရဆဲဖြစ်ကြောင်း၊  မော်စကိုသည် စီးပွားရေး ကဏ္ဍများစွာတွင် ၎င်းတို့၏ အရေးပါမှုဖြင့် ၎င်း၏ကိုယ်ပိုင် သတ္တုတွင်းထွက်များ ဖွံ့ဖြိုးတိုးတက်ရေး အပေါ် အာရုံစိုက်သွားမည်ဖြစ်ကြောင်း ၊ ကျနော်တို့ရဲ့ အမေရိကန်လုပ်ဖော်ကိုင်ဖက်တွေအနေနဲ့ လက်တွဲလုပ်ဆောင်ဖို့ စိတ်ဝင်စားမှုပြခဲ့မယ်ဆိုရင် ဒါကို ကမ်းလှမ်းဖို့ ကျနော်တို့ကတော့ အဆင်သင့်ဖြစ်နေကြာင်း ပြောသွားပါတယ်။ 

ရှားပါးမြေတွင်းထွက်သတ္တုကြွယ်ဝမှုနှင့် ပတ်သက်၍ ကမ္ဘာ့ခေါင်းဆောင်တစ်ဦးအနေဖြင့် ရုရှားသည် ၎င်း၏သတ္တုသိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများနှင့် လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ဒီမှာ နယ်မြေသစ်တွေ ရှိပါတယ်၊ ရုရှားဖက်ဒရေးရှင်းကို ပြန်ပေးခဲ့တဲ့ ကျွန်ုပ်တို့ရဲ့ သမိုင်းဝင်နယ်မြေသစ်တွေ မှာလည်း သိသာထင်ရှားတဲ့ သတ္တုသိုက်တွေရှိပါတယ်။” လို့ဆိုပါတယ်။ 

Donetsk ဒွန်းနက်စ် နဲ့ လူဂန်စ် ပြည်သူ့သမ္မတနိုင်ငံတွေက ယူကရိန်းရဲ့ အရှေ့ဘက် ခွဲထွက်ရေးသမားတွေ တည်ထောင်ထားတဲ့ နိုင်ငံတွေဖြစ်ပြီး ခါဆန်ဒေသနဲ့ ဇာပိုရိုက်ဇီး ဒေသတွေကလည်း ၂၀၂၂ ကတည်းက ဒေသတွင်းလူထုဆန္ဒခံယူပွဲလုပ်ကာ ရုရှား နိုင်ငံနဲ့ ပူပေါင်းခဲ့ပါတယ်။ ယူကရိန်းမှာ မြေရှားသတ္တုသိုက်များ၏ စုစုပေါင်းတန်ဖိုးက အမေရိကန်ဒေါ်လာ ၁၅ ထရီလျံနီးပါး ခန့်ရှိပါတယ်။ မြေရှားသတ္တုသိုက် ထက်ဝက်နီးပါးသည် ဒွန်နက်စ်နဲ့ လူဂန်စ် နိုင်ငံများမှာ ရှိနေတာပါ။  


REF - RT

#MNP #News 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages