ဟင်္သာတမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်များအလိုက် ဆွေးနွေးပွဲများကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဟင်္သာတမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်များအလိုက် ဆွေးနွေးပွဲများကျင်းပ

015

016


ဟင်္သာတ၊ ဖေဖော်ဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပညာရေးမှူးရုံးမှကြီးမှူး၍ ဟင်္သာတမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးဆွေးနွေးပွဲများအား ယနေ့နံနက် ၉ နာရီမှ စတင်၍ ဟင်္သာတမြို့အမှတ်(၁/၂/၃/၄/၅) အခြေခံပညာအထက်တန်းကျောင်းများရှိ ခန်းမများတွင် ပြုလုပ်ခဲ့သည်။

တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်မြင်မားရေး ဘာသာရပ်များအလိုက် ဆွေးနွေးပွဲများသို့ ဟင်္သာတမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(၄၀)ကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်း (၂)ကျောင်းတို့မှ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် Grade-12 ကျောင်းသား/သူ(၅၈၇)ဦး၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် Grade-12 ကျောင်းသား/သူ(၃၇၆)ဦး၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် Grade-12 ကျောင်းသား/သူ(၄၂၀)ဦး၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် Grade -12ကျောင်းသား/သူ(၄၇၁)ဦး၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် Grade-12 ကျောင်းသား/သူ(၅၂၁)ဦး၊ စုစုပေါင်း Grade-12 ကျောင်းသား/သူ(၂၃၇၅)ဦးတို့တက်ရောက်ခဲ့ကြပြီး ဟင်္သာတတက္ကသိုလ် မြန်မာစာဌာနမှ ကထိက ဒေါ်ဥမ္မာဝင်းမော်၊ အင်္ဂလိပ်စာဌာနမှ တွဲဖက်ပါမောက္ခ ဒေါ်နှင်းဇာခြည်ပန်း၊ သင်္ချာဌာနမှ ကထိက ဦးစိုးရန်အောင် တို့ဦးဆောင်၍ တွဲဖက်ပါမောက္ခ/ကထိက(၁၉)ဦးတို့မှ ဘာသာရပ်(၉)မျိုးအတွက် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်ပေးစည်းမျဉ်းများနှင့်အညီ ပို့ချဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲများသို့ ဟင်္သာတခရိုင် ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူး ဦးတိုးဝင်း၊ မြို့နယ်ပညာရေးမှူး ဦးထင်​အောင်ကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#MNP #News 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages