ရန်ကုန်၊ ဖေဖော်ဝါရီ ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ဧရာဝတီမြစ်ကမ်းပါး အိပ်ပျက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများနှင့် ရေကြီးရေလျှံမှုကာကွယ်ရေးတာများ ရေတိုက်စားကမ်းပြိုမှု ကာကွယ်ရေးအတွက် ကမ်းထိန်းတမံတည်ဆောက်နေမှုနှင့် သောင်တူးဖော်ခြင်း လုပ်ငန်းများဆောင် ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ဧရာဝတီမြစ်အတွင်းမှ ရေယာဉ်ဖြင့်ကြည့်ရှုစစ်ဆေးစဉ် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရေးဆွဲထားသောလုပ်ငန်းအချိန်ဇယား (Work Plan) အတိုင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ရန်၊ အရည်အသွေးစံချိန်စံညွှန်းပြည့်မီရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမြန်ရေယာဉ်ဖြင့် ဆက်လက်ထွက်ခွာပြီး ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ် ဧရာဝတီမြစ်ကမ်းပါးဘေးရှိ အုန်းကုန်းကျေးရွာ ရေတိုက်စားကမ်းပြိုမှုနှင့် ရေကြီးရေလျှံမှု ကာကွယ်ရေးတာများ ရေတိုက်စားကမ်းပြိုမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ပေးနိုင်မည့်အစီအမံများကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ထိရောက်အကျိုးရှိစေသည့် ရေရှည်အစီအမံများ (Master Plan) သေချာလေ့လာရေးဆွဲပြီး အမြန် ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment