ဖေဖော်ဝါရီ - ၂၆ ( ဗုဒ္ဓဟူးနေ့ )
ရုရှား ယူကရိန်း အရှေ့ပိုင်းက ဒွန်ဘားဒေသကို သိမ်းထားပြီး ဒွန်နက် နဲ့ လူဂန်ဒေသတွေကို လွတ်လပ်ရေးပေးပြီး နိုင်ငံတည်ထောင်ခိုင်လိုက်သလို တောင်ဘက် ခါဆန်ဒေသနဲ့ ဇာပိုရိုဇိုင်ရီ ဒေသတွေကိုလည်း ပြည်သူ့ဆန္ဒခံယူပွဲ ကောက်ယူကာ ရုရှားဖက်ဒရေးရှင်းနဲ့ ဒိုမီနီကန်ဖွဲ့လိုက်ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့က အဲ့ဒိဒေသတွေမှာ မြေရှားသတ္တု တူးဖော်ရေးအတွက် အမေရိကန်နဲ့ ပေါင်းလုပ်နိုင်ပါတယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က အင်တာဗျူး တစ်ခုမှာ ပြောခဲ့ပြီးနောက် ဒီနေ့တော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားနဲ့ ပေါင်းလုပ်ချင်တယ် လို့ပြောလာပါတယ်။
မနေ့က သူနှင့် ပူတင်တို့သည် ထိုကဲ့သို့သော သဘောတူညီချက် ဖြစ်နိုင်ချေကို ဆွေးနွေးခဲ့ကြသလားလို့ သတင်းထောက်တစ်ဦးရဲ့ မေးမြန်းချက်ကို “တတ်နိုင်ရင် ရုရှားပြည်က တွင်းထွက်သတ္တုတွေ ဝယ်ချင်ပါတယ်… သူတို့မှာ အလွန်ကောင်းတဲ့ မြေရှားသတ္တုတွေ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေလည်း ရှိပါတယ်။ ကြည့်ပါ၊ အဲဒါက အရမ်းကောင်းတာပဲ။ အဲဒီမှာ သဘောတူညီမှုတွေ လုပ်နိုင်ခဲ့မယ်ဆိုရင် ရုရှားအတွက်လည်း အရမ်း ကောင်းပါတယ်။ သူတို့မှာ အသုံးမ၀င်တဲ့ အဖိုးတန်မြေတွေရှိတယ်။ ဒီလိုမျိုး တစ်ခုခုတော့ ဖြစ်လာနိုင်တယ်၊ ဟုတ်တယ်” လို့ ထရမ့်က အိမ်ဖြူတော်ရှိ သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။
“သောကြာနေ့ တွေ့ဖြစ်မယ်လို့ ကြားတယ်။ သေချာပါတယ်၊ သူနဲ့ ကျနော် အတူလက်မှတ်ထိုးချင်တယ် ဆိုရင်တော့ အဆင်ပြေပါတယ်။ ဒါက ကြီးကြီးမားမား၊ အရမ်းကြီးတဲ့ကိစ္စလို့ နားလည်ပါတယ်… အမေရိကန် အခွန်ထမ်းက စစ်ပွဲမှာကုန်သွားတဲ့ သူတို့ရဲ့ငွေတွေကို အခု ပြန်ရတော့မှာပါ ” လို့ ထရမ့်က ပြောသွားပါတယ်။
REF - RT
#MNP #News
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment