အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရှမ်းပြည်နယ် အားကစားကွင်းတွင် ကျင်းပနေသည့် အလွတ်တန်းဘောလုံးပြိုင်ပွဲ ကြည့်ရှုအားပေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရှမ်းပြည်နယ် အားကစားကွင်းတွင် ကျင်းပနေသည့် အလွတ်တန်းဘောလုံးပြိုင်ပွဲ ကြည့်ရှုအားပေး

007

008

009

010

011

012

013


တောင်ကြီး၊ ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင်ရောက်ရှိနေသော အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးကျော်သူနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဖေဖော်ဝါရီ ၆ ရက် ညနေ ၃ နာရီခွဲက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်ခဲ့ပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ရှမ်းပြည်နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် ကမ္ဘောဇဖလား အလွတ်တန်းဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးကာ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်နည်းပြများ၊ ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ စီမံကိန်းပါလုပ်ငန်းဖြစ်သည့် ပြည်နယ်အားကစားကွင်းအတွင်း Inner Fencing ကာရံခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ သက်ဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး၊ အားကစားကွင်းအမြဲတမ်းစိမ်းလန်း စိုပြေစေရေး တာဝန်ရှိသူများက ဂရုပြုဆောင်ရွက်ရန်နှင့် စနစ်တကျ ထိန်းသိမ်းရန်မှာကြားပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ဝူရှူးအားကစားနည်းနှင့် ဗိုဗီနမ်အားကစားနည်းမှ အားကစားသမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ လေ့ကျင့်သင်ကြားနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး၊ ၂၀၂၄ ခုနှစ်အတွင်း ကျင်းပခဲ့သည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သည့် ဝူရှူးအားကစားနည်းမှနည်းပြနှင့် အားကစားသမားများအား ချီးမြှင့်ငွေများပေးအပ်ရာ အားကစားသမားများအတွက် ပြည်ထောင်စု ဝန်ကြီးကလည်းကောင်း၊ နည်းပြများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်တို့က ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေရန် ဘက်ပေါင်းစုံက ကြိုးစားဆောင်ရွက်လျက်ရှိသည့်အပြင် “တစ်မျိုးသားလုံးသက်ရှည်ကျန်းမာ ကြံ့ခိုင်စေရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်     ဆောင်ရွက်ရေးနှင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုဖြင့် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” စသည့် အချက်များကို လူမှုရေးဦးတည်ချက်တွင် ထည့်သွင်းဖော်ပြထားပြီး၊ အားကစားနှင့်လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစွမ်းကုန်အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ အဓိကလုပ်ငန်းတာဝန်ဖြစ်သည့် အားကစားနှင့်လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဝန်ထမ်းများအားလုံး အရည်အသွေးပြည့်ဝပြီး စွမ်းဆောင်ရည် မြင့်မားစေရန်နှင့် ကိုယ်စီအရည်အသွေးများကို စဉ်ဆက်မပြတ် အမြဲတိုးတက်အောင် လေ့လာဆည်းပူးသွားရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဌာန် (၆) ချက်နှင့် ကျင့်ဝတ်အပါး (၃၀)တို့ကိုလည်း အထူးသတိပြုလိုက်နာစောင့်ထိန်းရန်လိုကြောင်း၊ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် သီးပင်စားပင်များကို ယခုထက်ပိုမိုစနစ်တကျ စိုက်ပျိုးသွားရန်နှင့် လုံခြုံရေးသတိ၊ လုံခြုံရေးအသိများဖြင့် အလေးအနက်ထားဂရုပြု နေထိုင်ကြရန်လိုကြောင်း၊ မိမိတို့အားပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန်နှင့် နိုင်ငံတော်၊ ဝန်ကြီးဌာနနှင့် ပြည်နယ်၏ ဂုဏ်သိက္ခာမြှင့်တင်နိုင်စေရေးအတွက် ကျရာအခန်းကဏ္ဍမှ အစွမ်းကုန်ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပြီးနောက် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။


ကျော်ဇင် 

#MNP #News 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages