ဗုဒ္ဓဘာသာ၏ ဘာသာရေးခေါင်းဆောင် ဆရာတော်သံဃာတော်များအား PDF အကြမ်းဖက်အဖွဲ့များက ရက်စက်ယုတ်မာ ရိုင်းစိုင်းစွာ ပစ်ခတ်သတ်ဖြတ်နေခြင်းများအတွက် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ သဘောထား ကြေညာချက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဗုဒ္ဓဘာသာ၏ ဘာသာရေးခေါင်းဆောင် ဆရာတော်သံဃာတော်များအား PDF အကြမ်းဖက်အဖွဲ့များက ရက်စက်ယုတ်မာ ရိုင်းစိုင်းစွာ ပစ်ခတ်သတ်ဖြတ်နေခြင်းများအတွက် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ သဘောထား ကြေညာချက်

A%20004

A%20005

 

ဗုဒ္ဓဘာသာ၏ ဘာသာရေးခေါင်းဆောင် ဆရာတော်သံဃာတော်များအား 

PDF အကြမ်းဖက်အဖွဲ့များက ရက်စက်ယုတ်မာ ရိုင်းစိုင်းစွာ ပစ်ခတ်သတ်ဖြတ်နေခြင်းများအတွက် 

မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ သဘောထား ကြေညာချက်


ရက်စွဲ ။ ။ ၁၃၈၆ ခုနှစ် တပေါင်းလ္ဆန်း (၂) ရက်

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၂၈)ရက် သောကြာနေ့

စာအမှတ် ။ ။ ၁၆/မ မ ရ သ/ ၂၀၂၅ 


၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ဆားကျင်းကျေးရွာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တနန္ဒိယ သက်တော် (၈၅)နှစ်၊ သိက္ခာတော် (၄၅)ဝါ ဆရာတော်ကြီးအား ၂၇.၂.၂၀၂၅ ကြာသပတေးနေ့ နံနက်(၈)နာရီ အချိန်ခန့်တွင် အကြမ်းဖက် PDF ပြည်ဖျက် လူသတ်အဖွဲ့မှ ကျောင်းပေါ် သို့တက်၍ ရက်စက်ယုတ်မာ ရိုင်းစိုင်းစွာ ပစ်ခက်သတ်ဖြတ်ခဲ့ကြသည်ဟု ကြားသိရပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဇီးကုန်းကျေးရွာ မဟာပဉ္စမရာမဘုန်းတော်ကြီးကျောင်းဝန်းအတွင်းသို့လည်း အကြမ်းဖက် PDF အဖွဲ့က ဒရုန်းဖြင့် ဗုံးများ ပစ်ချခဲ့မူကြောင့် ကိုရင်(၂)ပါးနှင့် ရွာသား (၁) တို့ ပြင်းထန်ဒဏ်ရာများ ရရှိ ခဲ့ပြီး ရွာသား(၁)ဦး သေဆုံးသွားသည်ဟု ထပ်မံကြားသိ မြင်တွေ့ရပါသည်။

၂။ NUG အကြမ်းဖက်အဖွဲ့၏ လက်ဝေခံ PDF ပြည်ဖျက် အကြမ်းဖက်သမားများသည် စစ်ရေးပစ်မှတ် မဟုတ်သည့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား ရက်စက်ယုတ်မာရိုင်းစိုင်းစွာ ပစ်ခတ်သတ်ဖြတ်သည့် လုပ်ရပ်များအား ဆက်လက်လုပ်ဆောင်ခြင်းမပြုလုပ်ကြရန် မျိုးချစ်မြန်မာရဟန်း တော်များသမဂ္ဂ(ရန်ကုန်)မှ မေတ္တာရပ်ခံ တိုက်တွန်း တောင်းဆိုသည်။ ငါနှင့်မတူ ငါ့ရန်သူ စစ်ခွေး ဒလန် ဟူသော ခေါင်းစဉ်မျိုးစုံတပ်ခါ သတ်ဖြတ်ခဲ့ကြသည့် ဆရာတော် သံဃာတော်၊ ကိုရင်၊  သီလရှင်၊ ကျမ်းမာရေးဝန်ထမ်း၊ ပညာရေးဝန်ထမ်း၊ ကျောင်းသား/ ကျောင်းသူ၊ အပြစ်မဲ့ပြည်သူ ပေါင်း (၈၀၀၀)ကျော် အထိ ရှိနေပြီဖြစ်သည်။

၃။ NUG အကြမ်းဖက်အဖွဲ့၏ လက်ဝေခံ PDF အကြမ်းဖက်အဖွဲ့များမှ အစ်ကို၊ အစ်မများ၊ ညီငယ်၊ ညီမ ငယ်များ အားလုံးသည် ကျွန်ုပ်တို့၏ ပြည်ထောင်စုဖွား တိုင်းရင်းသားများပင် ဖြစ်သည်။ ပြည်တွင်း လက် နက်ကိုင် သောင်းကျန်းသူအဖွဲ့အစည်းများနှင့် ပြည်ပသြဇာခံ ပြည်တွင်း သစ္စာဖောက် လောက်ကောင် များ၏ သွေးထိုးလှုံ့ဆော်မူကြောင့် မိမိတို့ လူမျိုးအချင်းချင်းအပေါ် အနိုင်ကျင့် ဗိုလ်ကျ အကြမ်းဖက် သတ်ဖြတ်မှုများ လုပ်ဆောင်နေသည်မှာ လွန်စွာမှားယွင်းနေပါသည်။ 

၄။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတချို့နှင့် ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့ ဝင်များသည် ၎င်းတို့အား ကူညီပံ့ပိုးပေးနေသော အနောက်နိုင်ငံများနှင့် အိုအိုင်စီ အဖွဲ့၏ အလိုကျ PDF အကြမ်းဖက်သမားများကို အသုံးချ၍ ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေခြင်း ဖြစ်ပါသည်။ အင်မတန်မှ အောက်တန်းကျသော ပြည်ပအားကိုး ပုဆိန်ရိုးတို့၏ သွေးထိုးလှုံ့ဆော်မှုများကို ယုံမှားမိခြင်းကြောင့် PDF အကြမ်းဖက်သမားများမှာ မိမိတို့ကိုးကွယ်ရာ သံဃာတော်များကိုပင် သတ်ဖြတ် သည်အထိ မိုက်တွင်းနက်လာသည်ကို သတိပြုဆင်ခြင်ကြရန် အသိပေးလိုပါသည်။

၅။ အမှားကိုသိ၍ အမှန်မြင်ကာ မိမိတို့၏ တိုင်းပြည်၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမများဖြစ် ကြသည့် လူမျိုး(၁၃၅)မျိုး အတွက် ပြည်ထောင်စုစိတ်ဓာတ်မွေးကာ အကြမ်းဖက်လမ်းစဉ်ကို စွန့်လွှတ်၍ ဥပဒေ ဘောင်အတွင်း ဝင်ရောက်ဖို့ကိုလည်း တိုက်တွန်းပါသည်။ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်) အနေဖြင့် အမှားကိုသိ၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ ကြသူများကို အမြဲတမ်း လက် ကမ်းကြိုဆိုပါသည်။ အကြမ်းဖက်လုပ်ရပ်များကြောင့် လူ့အဖွဲ့အအစည်းအတွက် ကောင်းကျိုးရလာဒ်ဟူ၍ မရှိပါ။ ပျက်စီးဆုံးရှုံးမှုနှင့် ဝမ်းနည်းကြေကွဲ စိတ်ပျက်ဖွယ်ရာ အနိဋ္ဌာရုံများသာ ဖြစ်ပါသည်။ ပြည်ဖျက် အကြမ်းဖက် လူသတ် လုပ်ရပ်မှန်သမျှကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်း သဘော ထားကြေညာချက် ထုတ်ပြန်လိုက်သည်။


မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)


No comments:

Post a Comment

Donate and Support

Pages