ရန်ကုန်၊ မတ် ၂၀
နိုင်ငံတော်အစိုးရမှ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများတွင် AA အကြမ်းဖက်အဖွဲ့ဝင်များ ပါဝင်နေသည်ကို သတင်းများ ထုတ်ပြန်လျက်ရှိရာ မူးယစ်ရာဇာ ထွန်းမြတ်နိုင်က ၎င်းဦးဆောင်သည့် AA အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်၍ မရှိကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
AA အကြမ်းဖက်အဖွဲ့ ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ လေ့လာသူတစ်ဦး က "AA က ကောင်တွေ မူးယစ်ဆေးဝါး ဖြန့်ချိနေတာ ဒီအစိုးရလက်ထက်မှာမှ မဟုတ်ဘူး။ ယခင်အစိုးရလက်ထက်မှာလည်း AA အဖွဲ့ဝင်တွေ ဖမ်းဆီးရမိတာ ရှိတယ်။ မူးယစ်ဆေးဝါးဖြန့်ချိတဲ့ ကောင်တွေက ဖြန့်ချိနေပါတယ်လို့ ဘယ်ဝန်ခံပါ့မလဲဗျာ။ AA နဲ့ ပတ်သက်တဲ့ ရခိုင်တော်တော်များများ က ဒီအပေါ်က ငွေရလွယ်တာကို သိနေကြပြီ။ မူးယစ်ဆေးဝါး ဖြန့်ချိရင်း AA အကြမ်းဖက်အဖွဲ့ထဲ ရောက်ကုန်ကြတာတွေလည်း ရှိတယ်။ ဒီအစိုးရလက်ထက်မှာလည်း AA အဖွဲ့ဝင်တွေ တော်တော်များများ ဖမ်းဆီးရမိတာကို တွေ့လာရတယ်။ ဒါကတော့ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ပါ။ မူးယစ်ဆေးဝါးကို ပြည်ပဈေးကွက်အထိပါ ပို့ဆောင်နေပြီဆိုတော့ AA ရဲ့ ဈေးကွက်ကို ခန့်မှန်းကြည့်ရင် သိနိုင်ပါတယ်။" ဟု သုံးသပ်ပြောဆိုသည်။
ဆက်လက်၍ "AA က ကောင်တွေက သူတို့ မပတ်သက်ပါဘူးလို့ ပြောရင် မင်းတို့ ဘယ်ငွေနဲ့ ရပ်တည်နေတာလဲ မေးရမယ်။ ဘယ်နိုင်ငံက ပေးတဲ့အထောက်အပံ့နဲ့ ရပ်တည်နေတာလဲ။ ဘယ်နိုင်ငံကမှ အဲဒီလောက်အထိ မထောက်ပံ့ဘူး။ AA အကြမ်းဖက်အဖွဲ့က ခေါင်းဆောင်တွေဖြစ်တဲ့ ထွန်းမြတ်နိုင်၊ ခိုင်သုခ၊ ညိုထွန်းအောင် တို့ဆိုတဲ့ ကောင်တွေမှာ တရားဝင် ဘာစီးပွားရေး ရှိလဲ။ လူတစ်ရာကို တစ်လ တင်ကျွေးနိုင်တဲ့ ဝင်ငွေရှိလားလို့ မေးမယ်။ မရှိပါဘူး။ အဓိက သူတို့ရဲ့ စီးပွားရေး က မူးယစ်ဆေးဝါး ဖြန့်ချိရေးပါပဲ။ MNDAA, TNLA က မူးယစ်ဆေးဝါးထုတ်တယ်။ AA က ဖြန့်ချိတယ်။ ဒီသုံးဖွဲ့ လက်တွဲနေတာ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိရေး လုပ်ငန်းစဉ်ကြီးတစ်ခုလုံး အောင်မြင်နေတာပေါ့။ ဒီလုပ်ငန်းက ဝင်ငွေရလာလို့ KIA လက်အောက်ကနေ ခွါလာကြတာ။ မဟုတ်ရင် KIA လက်အောက်ကနေ လွတ်အုံးမှာ မဟုတ်ဘူး။" ဟု သုံးသပ်ပြောဆိုသည်။
မတ်လ ၁၈ ရက်နေ့က သတင်းထုတ်ပြန်ရာ ရန်ကုန်တိုင်းဒေသကြီးတွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် ၉၆ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၃ တန်ကျော်၊ ကက်တမင်း ၂၀၀ ကီလို တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးရမိ တရားခံများမှာ AA အကြမ်းဖက်အဖွဲ့ဝင်များ ဖြစ်ပြီး မူးယစ်ဆေးဝါးများကို မလေးရှားပင်လယ်ပြင်သို့ ပို့ဆောင်ရန် စီစဉ်နေစဉ် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment