ဟောင်ကောင်၊ မတ် ၁၂
ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ကောင်စစ်ဝန်ချုပ် ဦးဟန်ဝင်းနိုင်သည် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၊ ယဉ်ကျေးမှုဆိုင်ရာ လက်ထောက်ဝန်ကြီး Ms. Yandy CHAN အား ၁၂-၃-၂၀၂၅ ရက် (၁၀ ၃၀) နာရီတွင် ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ် ဝန်ချုပ်ရုံး၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် လက်ထောက်ဝန်ကြီးက ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ကျင်းပမည့် ၂၀၂၅ အာရှယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (Asia Cultural Co-operation Forum+ 2025) သို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ရန်အတွက် ဖိတ်ကြားခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရသည် ၂၀၀၃ ခုနှစ် တွင် အာရှယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (Asia Cultural Co-operation Forum) ကို စတင်ခဲ့ပြီး ဒေသဆိုင်ရာ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ရန်နှင့် ယဉ်ကျေးမှုနှင့် အနုပညာလုပ်ငန်းများကို မြှင့်တင်ရန် ဆောင်ရွက်လျက်ရှိပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment