အဘိဓဇမဟာရဋ္ဌဂုရု ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ရွှေကျင်နိကာယ အဓိပတိမဟာနာယက သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ သက်တော်(၈၈) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာ ဒုတိယနေ့တွင် ဆရာတော်/သံယာတော် အပါး(၁ဝဝဝ)အတွက် ဆွမ်းဆန်တော်၊ ဆီ ၊ ပဲ ၊ ဆေး၊ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း - MyanmarNationalPost

.com/img/a/

News Agency

demo-image

အဘိဓဇမဟာရဋ္ဌဂုရု ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ရွှေကျင်နိကာယ အဓိပတိမဟာနာယက သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ သက်တော်(၈၈) နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာ ဒုတိယနေ့တွင် ဆရာတော်/သံယာတော် အပါး(၁ဝဝဝ)အတွက် ဆွမ်းဆန်တော်၊ ဆီ ၊ ပဲ ၊ ဆေး၊ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း

003

004

နေပြည်တော်၊ ၂၀၂၅ မတ် ၁၂

အဘိဓဇမဟာရဋ္ဌဂုရု ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ရွှေကျင်နိကာယ အဓိပတိမဟာနာယက သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ သက်တော်(၈၈)နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော်မင်္ဂလာ ဒုတိယနေ့တွင် ဆရာတော်/သံယာတော် အပါး(၁၀၀၀) အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ပဲ ၊ ဆေး၊ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများလောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီအချိန်က စစ်ကိုင်းတောင်ရိုးရှိ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာ တက္ကသိုလ်၌ ကျင်းပသည်။

ဦးစွာ စစ်ကိုင်းတောင်ရိုးတွင် ပရိယတ္တိ၊ ပဋိပတ္တိ တရားများပွားများ အားထုတ်လျက် ရှိကြသည့် စာသင်တိုက်များမှ ဆရာတော်/သံယာတော်များ၊ သီတဂူဗုဒ္ဓတက္ကသိုလ်များမှ ဆရာတော်/သံဃာတော်များက စနစ်တကျစီတန်း၍ အလှူခံကြွကြရာ စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ စစ်ကိုင်းမြို့ရှိဌာနဆိုင်ရာများ၊ ပြည်တွင်း/ပြည်ပ မှ စေတနာရှင်အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်လောင်းလှူကြသည်။ ထို့နောက် သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ နှင့် စေတနာရှင်အလှူရှင်များက ကောင်းမှုကုသိုလ်များအတွက် မေတ္တာပို့ အမျှပေးဝေကြပြီး အလှူအောင်ပွဲအထိမ်းအမှတ် မိုးပျံပူပေါင်းများလွှတ်တင်ကြသည်။

သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ သက်တော်(၈၈)နှစ်ပြည့် ဝိဇာတ မွေးနေ့အလှူတော်တွင် စစ်ကိုင်းတောင်ရိုးမှ ဆရာတော်/သံဃာတော်များ၊ သီတဂူဗုဒ္ဓ တက္ကသိုလ်များမှ ဆရာတော်/သံယာတော်များကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စစ်ကိုင်းမြို့ရှိ ဌာနဆိုင်ရာများ၊ ပြည်တွင်း/ပြည်ပမှ စေတနာရှင်အလှူရှင်များက ဆွမ်း ဆန်တော်(၁၀၀၀)အိတ်၊ ဆီ(၂၀၀၀)ပိဿာ၊ ပဲတစ်ပြည်ဝင်အိတ်(၁၀၀၀)အိတ်၊ သင်္ကန်း (၁၀၀၀)စုံနှင့် လှူဖွယ်ပစ္စည်းတို့အား လောင်းလှူခဲ့ကြကြောင်း သိရှိရသည်။

 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages