ကွမ်းခြံကုန်း ၊ မတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနကဦးဆောင်၍ မျိုးဆက်သစ် အားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရန်၊ မြို့နယ်ကိုယ်စားပြုအားကစားသမားများမှတစ်ဆင့် နိုင်ငံလက်ရွေးစင်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ နွေရာသီအားကစားသင်တန်းအား တော်ကူးကျေးရွာနှင့် တောကျောင်းကျေးရွာများတွင် ဖွင့်လှစ်ပေးလျက်ရှိပါသည်။
အဆိုပါ နွေရာသီအားကစားသင်တန်းနေ့စဉ်နံနက် ၆ နာရီမှ ၉ နာရီအထိ အားကစားနည်း(၃)နည်း သင်ကြားပေးလျက်ရှိရာ ဘောလုံးကစားနည်းတွင် သင်တန်းသား ၄၀ ဦး၊ ဘောလီဘော်ကစားနည်းတွင် သင်တန်းသား ၃၄ ဦးနှင့် ပိုက်ကျော်ခြင်း ကစားနည်းတွင် သင်တန်းသား ၂၆ ဦး စုစုပေါင်း သင်တန်းသား/သူ ၉၀ ဦးကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းအား တစ်လကြာပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဆွေနွယ်
https://t.me/MyanmarNationalPost
No comments:
Post a Comment