ကယားပြည်နယ်ဝန်ကြီးချုပ် မြို့သန့်ရှင်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကယားပြည်နယ်ဝန်ကြီးချုပ် မြို့သန့်ရှင်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

 

061

060

059

058

057

လွိုင်ကော်၊ မတ် ၉

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းနှင့် ထေးငှားလျားကန် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှု၊ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဝန်ထမ်းအိမ်ရာများနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနစုပေါင်းဝန်ထမ်းအိမ်ရာများ ပြုပြင်ဆောင်ရွက်နေမှု၊ လွိုင်ကော်ယဉ်ကျေးမှုပြတိုက် ပြုပြင်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ကျောင်းပရိဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။ ထို့နောက် ကျောင်းဝင်းအတွင်း စာသင်ဆောင်များ ထိခိုက်ပျက်စီးမှုကို ကြည့်ရှုစစ်ဆေးပြီး စာသင်ဆောင်များအား ကျောင်းဖွင့်ကာလအမီ အသုံးပြုနိုင်ရေး ပြန်လည်ပြုပြင်ရန်နှင့် သင်ကြားရေးအထောက်အကူပြုပစ္စည်းများကို ကျောင်းသားဦးရေနှင့် လျော်ညီအောင် ထားရှိနိုင်ရေး လိုအပ်သည်များ ကြိုတင်စီမံဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်၍ လွိုင်ကော်မြို့၏အထင်ကရ ထေးငှားလျားကန်တွင် အများပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် လာရောက်အပန်းဖြေအနားယူနိုင်ရန်နှင့် ကျန်းမာရေးလေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ကန်နှင့်ကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာရေးနှင့် စိမ်းလန်းစိုပြည်ရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် နောင်ယား(က)ရပ်ကွက်ရှိ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဝန်ထမ်းအိမ်ရာသို့ရောက်ရှိကာ ပြည်နယ်ဦးစီးမှူးနေအိမ်နှင့် အရာရှိအိမ်ရာများ ပြန်လည်ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးရုံး ပြည်နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန စုပေါင်းဝန်ထမ်းအိမ်ရာသို့ရောက်ရှိကာ ရှင်းလင်းဆောင်၌ ပြည်နယ်ဖြည့်စွက်ရန်ပုံငွေဖြင့် အိမ်ရာပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ပြည်နယ်ဦးစီးမှူးက ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က ပြင်ဆင်ပြီးစီးမှုအခြေအနေများအား အသေးစိတ်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများအားလုံး သတ်မှတ်စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလပြီးစီးရေးနှင့် ဝန်ထမ်းများအား စနစ်တကျနေရာချထားပေးရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ လွိုင်ကော်ယဉ်ကျေးမှုပြတိုက်သို့ရောက်ရှိကာ ယဉ်ကျေးမှုပြတိုက်အဆောက်အအုံပြုပြင်နေမှု၊ ပြတိုက်အတွင်း ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ ခင်းကျင်းပြသနိုင်ရေးနှင့် စာကြည့်တိုက်ပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံထားရှိမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ်က ပြတိုက်အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပြီး အများပြည်သူသို့ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဒြပ်ရှိဒြပ်မဲ့အမွေအနှစ်ပစ္စည်းများအား ပြည့်စုံစွာခင်းကျင်းပြသနိုင်ရေးအတွက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ဆက်စပ်ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ စာကြည့်တိုက်ပရိဘောဂပစ္စည်းများပြုပြင်ပြီး သုတရသစာအုပ်များကို အများပြည်သူလေ့လာဖတ်ရှုနိုင်ရေး စနစ်တကျထားရှိပေးရန်နှင့် ရုံးဝန်းအတွင်း/အပြင် သန့်ရှင်းသာယာရေးနှင့် စိမ်းလန်းစိုပြည်ရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages