ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ကလောမြို့နယ် ညောင်ကုန်း-လက်မောင်းကွေးလမ်း ကတ္တရာလမ်းသစ် တက်ရောက်ဖွင့်လှစ်ပေး - MyanmarNationalPost

.com/img/a/

News Agency

demo-image

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ကလောမြို့နယ် ညောင်ကုန်း-လက်မောင်းကွေးလမ်း ကတ္တရာလမ်းသစ် တက်ရောက်ဖွင့်လှစ်ပေး

037

038

039

040

041


တောင်ကြီး၊ မတ် ၂၄

နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန ၂၀၂၃-၂၀၂၄ ခုနှင့် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သော ညောင်ကုန်း- လက်မောင်းကွေးလမ်း ကတ္တရာလမ်းသစ် (၂/၄)မိုင် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဘော်နင်းကျေးရွာတွင် ကျင်းပသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် ပြည်နယ်ဝန်ကြီးများ၊ ကလောခရိုင်မှ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေဦး တို့က ညောင်ကုန်းလက်မောင်းကွေးလမ်းကတ္တရာလမ်းသစ်(၂/၄)မိုင်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။

ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် အများဆုံးနေထိုင်ကြကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ဆောင်ရွက်ရာတွင် အခြေခံလိုအပ်ချက်များဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးကဏ္ဍ၊ လျှပ်စစ်မီးရရှိရေးကဏ္ဍ၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများကို အဓိကဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ ညောင်ကုန်းလက်မောင်းကွေး ကတ္တရာလမ်းသစ် ၂မိုင် ၄ ဖာလုံကို နေ့စဉ်အသုံးပြုကြမည့် မော်တော်ယာဉ်၊ ဆိုင်ကယ်အသုံးပြုမောင်းနှင်သူများအနေဖြင့် သတ်မှတ်ထားသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအတိုင်း အန္တရာယ်ကင်းစွာ မောင်းနှင်အသုံးပြုကြရန်နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် နှစ်စဉ်အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့သည့် လမ်း၊ တံတားများကို ရေရှည်တည်တံ့အောင် ကျေးလက်ဒေသခံပြည်သူများအားလုံးကိုလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် မှာကြားသည်။

ထို့နောက် ရှမ်းပြည်နယ်(တောင်ပိုင်း)ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ)မှ ဦးမျိုးမင်းသန့်က လမ်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ညောင်ကုန်းလက်မောင်းကွေးလမ်းကတ္တရာလမ်းသစ်ကြီးပေါ် ဖြတ်သန်းကြည့်ရှုပြီး ဟဲဟိုးမြို့၊ ဘော်နင်းကျေးရွာအုပ်စု လက်မောင်းကွေးလမ်းဘေးရှိသုံး သုံးလုံးအုတ်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်၍ အုတ်ထုတ်လုပ်မှုလုပ်ငန်းအခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ အုတ်စက်ရုံမှ ထုတ်လုပ်သော အုတ်များကို ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ အဓိကဖြန့်ချိရောင်းချလျက်ရှိပြီး စက်ရုံထုတ်အုတ်တစ်လုံး၏ လက်ရှိဈေးနှုန်းမှာ ၁၈၀ ကျပ်ဖြစ်ကြောင်းနှင့် စက်ရုံမှတစ်ရက်လျှင် အုတ်အလုံးရေတစ်သိန်း ထုတ်လုပ်နိုင်ကြောင်း သိရသည်။


မောင်မောင်သန်း(တောင်ကြီး)


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages