မတ် - ၁၆ ( စနေနေ့ )
လွမ်းတတ်တဲ့သူတွေ၊ အလွမ်းကို ခံစားနိုင်တဲ့သူတွေက သူတို့ရဲ့ သူငယ်ချင်းတွေနဲ့ ပတ်သက်လာရင် ဆက်ဆံရေးကို ထိန်းထိန်းသိမ်းသိမ်းလုပ်တတ်တာကြောင့် ပေါင်းလို့သင်းလို့ ကောင်းတယ်လို့ သုတေသန တစ်ခုက ဆိုလာပါတယ်။ လွမ်းဆွတ်တတ်သောသူများသည် ပို၍ရင်းနှီးသောသူငယ်ချင်းများရှိပြီး စိတ်ကူးယဉ်ဆန်သော အမျိုးအစားများထက် ခင်မင်ရင်းနှီးမှုနှင့် ဆက်ဆံရေးကို ထိန်းသိမ်းရန် ပိုမို ကြိုးစားအားထုတ်ခဲ့ကြောင်း Cognition and Emotion ဂျာနယ်တွင် သုတေသီများက ဖော်ပြခဲ့ပါတယ်။
"လွမ်းဆွတ်မှုတွေ ပိုခံစားရပြီး အဲဒီအမှတ်တရတွေကို တန်ဖိုးထားတဲ့သူတွေက သူတို့ရဲ့ အရေးကြီးတဲ့ ဆက်ဆံရေးတွေကို ပိုနားလည်ကြပြီး သူတို့ကို ပြုစုပျိုးထောင်ဖို့ လိုအပ်ပါတယ်"လို့ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်မှ ပါရဂူကျောင်းသား ကွမ်ဂျူဟွမ်က သတင်းထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့ပါတယ်။
"ဒါက ငါတို့အသက်ကြီးလာတာနဲ့အမျှ ငါတို့ရဲ့ဘဝတွေ၊ အကျိုးစီးပွားနဲ့ တာဝန်တွေ ပြောင်းလဲလာတာနဲ့အမျှ မိတ်ဆွေတွေ ပိုပြီးတည်တံ့နိုင်ခြေ ရှိဖို့ပိုလိုပါတယ်။ အဲ့တော့ ဆက်ဆံရေးကိုတန်ဖိုးထားနိုင်လေလေ မိတ်ဆွေကောင်းတွေရလေလေပေါ့" အဆိုပါကျောင်းသား ဟွမ် ကပြောပါတယ်။
New York ရှိ Buffalo တက္ကသိုလ်မှ ဘွဲ့ကြိုကျောင်းသား ၄၅၀ နီးပါးတစ်စုသည် ၎င်းတို့၏ လွမ်းဆွတ်မှုအဆင့်နှင့် ၎င်းတို့၏ သူငယ်ချင်းကွန်ရက်များအကြောင်း စစ်တမ်းကောက်ယူခဲ့သည်။ လွမ်းဆွတ်နေတယ်လို့ ပြောတဲ့သူတွေဟာ သူတို့ရဲ့ ခင်မင်ရင်းနှီးမှုကို ထိန်းသိမ်းထားဖို့ ပိုအရေးကြီးပြီး အလွန်ရင်းနှီးတဲ့ ခင်မင်ရင်းနှီးမှုနဲ့ ဆက်ဆံရေးကို အများဆုံး ပိုင်ဆိုင်ထားကြတယ်လို့ ရလဒ်တွေက ဖော်ပြပါတယ်။
ဒုတိယစမ်းသပ်ချက်သည် အမေရိကန် အရွယ်ရောက်ပြီးသူ ၄၀၀ နီးပါး ကို မဲပေးခိုင်းတဲ့ သုတေသနတွင် လွမ်းဆွတ်ခြင်းအကျိုးသက်ရောက်မှုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ပျမ်းမျှအသက် ၄၀ ရှိသော ပါဝင်သူများကို စစ်တမ်းကောက်ယူရာတွင် လွမ်းဆွတ်နေသူများသည် မိတ်သင်္ဂဟများကို ထိန်းသိမ်းရန်နှင့် အရင်းနှီးဆုံး သူငယ်ချင်းများအဖြစ် အလုပ်ပိုလုပ်ကြသည်ကို တွေ့ရှိခဲ့ပါတယ်။
တတိယစမ်းသပ်ချက်သည် လူမှုကွန်ရက်များပေါ်တွင် လွမ်းဆွတ်ခြင်း၏ အကျိုးသက်ရောက်မှုကို ဆန်းစစ်ရန်အတွက် ၇နှစ်ကြာ ပြုလုပ်ခဲ့တဲ့ ဒတ်ခ်ျလူမှုသိပ္ပံစစ်တမ်းမှ အချက်အလက်များအရ လူများသည် အသက်ကြီးလာသည်နှင့်အမျှ ပိုလွမ်းဆွတ်လာတတ်သည်ကို ပြသခဲ့ပါတယ်။
REF: UPI
https://t.me/MyanmarNationalPost
No comments:
Post a Comment