နတ်တလင်းခရိုင်အတွင်း မြို့နယ်များရှိ ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေ နည်းဥပဒေများ ချပြရှင်းလင်းပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

နတ်တလင်းခရိုင်အတွင်း မြို့နယ်များရှိ ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေ နည်းဥပဒေများ ချပြရှင်းလင်းပွဲအခမ်းအနား ကျင်းပ

 

9

နတ်တလင်း , မတ် ၁၂


ပဲခူးတိုင်းဒေသကြီး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ နတ်တလင်းခရိုင်အတွင်းမြို့နယ်များရှိ ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေနည်းဥပဒေများ ချပြရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်က အ.ထ.က (နတ်တလင်း) ကျောင်း မနောဟဒယခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ နတ်တလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။


အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်နည်းဥပဒေပါ အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ ဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားအားလုံး အကျုံးဝင်ပါကြောင်း ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းချက်ပါ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ကင်းလွတ်ခွင့်ရသူများ၊ လျော့ပါးခွင့်ရသူများနှင့် ရွှေ့ဆိုင်းခွင့်ရသူများ၊ ပြည်သူ့စစ်မှုထမ်းရန် ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်စသည့် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေပါအချက်များကို ပြည်သူများ ရှင်းရှင်း လင်းလင်း နားလည်သဘောပေါက်စေရန် အသေးစိတ် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။


ထို့နောက် တက်ရောက်လာသော ဒေသခံပြည်သူများမှ သိရှိလိုသည်များကို မေးမြန်ဆွေးနွေးရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်မှ ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ပြီး အခမ်းအနားတက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ ကြောင်း သိရသည်။


ဝေယံဖြိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages