တံတားဦးမြို့နယ်ရုံးတွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

တံတားဦးမြို့နယ်ရုံးတွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

085

086


တံတားဦး၊ မတ် ၂၆

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့၌ နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးကြောင်းသိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်အစဉ်အလာကောင်း(၁၂)ရပ်၊ ၂၈-၃-၂၀၂၄ ရက်နေ့ (၇၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ပြောကြားသည့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးတည်ဆောက်နေ၊ စာရေးဆရာ မျိုးမြတ်မြတ်မြင့်မောင် ရေးသားသော ချစ်ညီစစ်သည်သို့ ကဗျာ၊ နှင်းအပ်တာဝန် ကျေပွန်ခဲ့သည့် ဆောင်းပါး၊ နိုင်ငံရေးရည်မှန်းချက်(၂)ရပ်နှင့် အမျိုးသားရေးရည်မှန်းချက် (၂)ရပ်စသည့် အကြောင်းအရာများ ပါဝင်ခဲ့ကြောင်း သိရသည်။


ရဲတင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages