“ဗုံတီးမယ်” တေးသီချင်း ဗီဒီယိုသည် သရုပ်ပျက်ကပြဖျော်ဖြေခြင်းနှင့် ညစ်ညမ်းသည့် အဓိပ္ပာယ် ပေါက်စေနိုင်သော အဓိပ္ပာယ်နှစ်ခွသီချင်းစာသားများဖြင့် ဖန်တီးထားကြောင်း စိစစ်တွေ့ရှိရ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

“ဗုံတီးမယ်” တေးသီချင်း ဗီဒီယိုသည် သရုပ်ပျက်ကပြဖျော်ဖြေခြင်းနှင့် ညစ်ညမ်းသည့် အဓိပ္ပာယ် ပေါက်စေနိုင်သော အဓိပ္ပာယ်နှစ်ခွသီချင်းစာသားများဖြင့် ဖန်တီးထားကြောင်း စိစစ်တွေ့ရှိရ

 

vlcsnap-2025-03-19-20h11m03s272

vlcsnap-2025-03-19-20h10m54s541

vlcsnap-2025-03-19-20h09m06s394

vlcsnap-2025-03-19-20h08m59s595

vlcsnap-2025-03-19-20h08m47s411

vlcsnap-2025-03-19-20h08m45s759

vlcsnap-2025-03-19-20h08m37s095

vlcsnap-2025-03-19-20h08m22s892

“ဗုံတီးမယ်”တေးသီချင်းဗီဒီယိုအား ဖန်တီးထုတ်လွှင့်သူနှင့် စီစဉ်သူများကို စိစစ်အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ထားသည်။

ပြန်ကြားရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့်ဝန်ဆောင် မှု ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ(ဂ) ပြဋ္ဌာန်းချက်ပါ အမိန့်ထုတ်ပြန်ခွင့်ကို ကျင့်သုံး၍ ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကား ထုတ်လွှင့်ပြသခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်ကို ထုတ်ပြန်ခဲ့ပြီး လုပ်ငန်းလုပ်ကိုင်ခွင့် မှတ်ပုံတင်လက်မှတ်များအား စိစစ်ထုတ်ပေးလျက်ရှိကြောင်း၊ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ရယူထားသူသည် အမိန့်အမှတ်(၃၂/၂၀၂၄)အရ မိမိတို့လွှင့်တင်မည့် Content များအား စိစစ်ရေးအဖွဲ့ထံသို့ တင်ပြ၍ စိစစ်မှုခံယူရမည်ဖြစ်ကြောင်း၊ သို့ရာတွင် တေးရေး/တေးဆို“အောင်ပါစေ” သည်ဆက်သွယ်ရေး ကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ်ရယူခြင်းမရှိဘဲ ၎င်း၏ လူမှုကွန်ရက် အမျိုးမျိုးတွင် တေးသီချင်းဗီဒီယိုများ ထုတ်လွှင့်ပြသလျက်ရှိကြောင်းနှင့် အဆိုပါ တေးသီချင်းဗီဒီယိုများအနက် “ဗုံတီးမယ်” တေးသီချင်း ဗီဒီယိုသည် မြန်မာလူမျိုးတို့၏အမြတ်တနိုးတန်ဖိုးထားဂုဏ်ယူရသော မြန်မာ့တူရိယာဗုံနှင့် ပတ်မများကို ပြက်ရယ်ပြု စော်ကားသဖွယ် ဖြစ်နေသော သရုပ်ပျက်ကပြဖျော်ဖြေခြင်းနှင့်ညစ်ညမ်းသည့် အဓိပ္ပာယ် ပေါက်စေနိုင်သော အဓိပ္ပာယ်နှစ်ခွသီချင်းစာသားများဖြင့် ဖန်တီးထားကြောင်း စိစစ်တွေ့ရှိရကြောင်း သတင်းထုတ်ပြန်ထားသည်။

သို့ပါ၍ “ဗုံတီးမယ်” တေးသီချင်းဗီဒီယိုနှင့်ပတ်သက်၍ ဖန်တီး ထုတ်လွှင့်သူ၊ စီစဉ်သူ၊ ပါဝင်သူများကို အမှုဖွင့်အရေးယူနိုင်ရေး စိစစ် လျက်ရှိကြောင်းနှင့် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် ရယူထားခြင်းမရှိသူများအနေဖြင့် လုပ်ကိုင်ခွင့်မှတ်ပုံတင်လက်မှတ် လျှောက်ထားရယူပြီး မိမိတို့လွှင့်တင်မည့် Content များကို စိစစ်ရေး အဖွဲ့ထံ တင်ပြရမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က အသိပေးကြေညာထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages