အုတ်ဖိုမြို့နယ်တွင် အုပ်ချုပ်ရေးမှူးဟောင်းကို ပစ်သတ်ပြီး မတ်ပဲများ တင်ဆောင်ထားသည့်ကားကို အကြမ်းဖက်သမားများက ရယူသွားကြောင်း သိရ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

အုတ်ဖိုမြို့နယ်တွင် အုပ်ချုပ်ရေးမှူးဟောင်းကို ပစ်သတ်ပြီး မတ်ပဲများ တင်ဆောင်ထားသည့်ကားကို အကြမ်းဖက်သမားများက ရယူသွားကြောင်း သိရ

057

အုတ်ဖို၊ မတ် ၆

ပဲခူးအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်၊ ဒေါင်းစပါးအုပ်စု၊ သာလိကာရွာမှ ဦးမြင့်ဦး (အုပ်ချုပ်ရေးမှူးဟောင်း နုတ်ထွက်ထားသည်မှာတနှစ်၁၀လရှိပြီ) အား ယနေ့နေ့လည် ၂နာရီ ၃၀မိနစ်ခန့်က ၎င်းပိုင်ဖောကားဖြင့် လယ်ကွင်းထဲ၌ မတ်ပဲအိတ်များတင်ဆောင်နေစဉ် နီပိန်း ပဒက် Gbk hero ပျောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့များက ပစ်ခတ်သတ် ဖြတ်ပြီး မတ်ပဲများတင်ဆောင်ထားသော ဦးမြင့်ဦး၏ကားအား မောင်းယူသွားကြောင်း သိရသည်။

၎င်းဓါးပြအဖွဲ့သည် မထွက်ခွာခင်ရွာထဲ၌ သေနတ်များပစ်ဖောက်၍ စိန်ခေါ်နေကြကြောင်းလည်း ကြားသိရပါသည်။

ဓာတ်ပုံ - မိုးကြိုး(ခ)ဘိုထွန်းခေါင်းဆောင်သည့် အကြမ်းဖက်လူသတ်ဓါးပြအဖွဲ့


(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က သက်ဆိုင်ရာတပ်နယ်အလိုက် အကြမ်းဖက်လှုပ်ရှားမှုများ ပပျောက်ရေး၊ လက်နက်ဖြင့် အပြစ်မဲ့ပြည်သူများကို အနိုင်ကျင့် သတ်ဖြတ်မှုများ မရှိစေရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားထားသည်။)


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages