စစ်ကိုင်းမြို့တွင် ထိခိုက်လွယ်အုပ်စုဝင်များအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

စစ်ကိုင်းမြို့တွင် ထိခိုက်လွယ်အုပ်စုဝင်များအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်

065

066


စစ်ကိုင်း၊ မတ် ၂၄

စစ်ကိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ စစ်ကိုင်းမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာပြည်သူများတွင် ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သော အသက်(၇၀)နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ အသက်(၅)နှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်များ၊ မသန်စွမ်းသူများအား ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့ပေါ်ရှိ ဆင်များရှင်ဘုရား၊ ပိုးတန်းဓမ္မာရုံ၊ မြို့သစ်တိုက်တန်းဓမ္မာရုံ၊ ဇေယျာဓမ္မာရုံ၊ တိုက်ဝါကြီးကျောင်းနှင့် ရွှေမင်းဝံဓမ္မာရုံတို့တွင်  ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ထောက်ပံ့ငွေများ ပေးအပ်ရာတွင် စစ်ကိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ‌ဒေါ်နွယ်နွယ်အောင်နှင့် ဝန်ထမ်းများ၊ ခရိုင်/ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ အမျိုး သမီးရေးအဖွဲ့ဝင်များက ထိခိုက်လွယ်အုပ်စုဝင်(၁၂၈၅)ဦးတို့အား တစ်ဦးလျှင်(၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၃၈၅၅၀၀၀၀)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ဇော်မြင့်နိုင်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages