ရွှေကျင်မြို့နယ် ညောင်ဝိုင်းရပ်ကွက်သို့ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရွှေကျင်မြို့နယ် ညောင်ဝိုင်းရပ်ကွက်သို့ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်


049

050

051

052

ရွှေကျင်၊ မတ် ၂၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်အဖြင့် စာအုပ်၊ စာစောင်များလှည့်လည် ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက ရွှေကျင်မြို့‌ပေါ်ရှိ ညောင်ဝိုင်းရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဦးမျိုးငြိမ်းမှ ဦးဆောင်၍ ဝန်ထမ်းများက နွေရာသီကျောင်းပိတ်ရက်တွင် ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ပုံပြင်ပြောပြခြင်း၊ အသိပညာဗဟုသုတရရှိစေမည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း/ကော်မတီများမှ ထုတ်ဝေသည့် ရုပ်ပြ၊ ကဗျာစာအုပ်များ၊ သုတ/ရသစာအုပ်များကို ဖတ်ရှုစေရန် ပြသခဲ့ရာ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုကြကြောင်း သိရသည်။

အဆိုပါနယ်လှည့်စာကြည့်တိုက်ကို ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတများရရှိစေရန်၊ စာပေကိုချစ်မြတ်နိုးတတ်စေရန်၊ အမှားနှင့် အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်‌ကြောင်း သိရသည်။


ထွန်းထွန်းဇော် 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Pages