၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကျင်းပစဉ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင်ရာစာစစ်ဌာနများသို့ အချိန်မီရောက်ရှိစေရေး သယ်ယူပို့ဆောင်ရေးအတွက် အရံမော်တော်ယာဉ်များ ထားရှိသွားရန် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် မှာကြား - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကျင်းပစဉ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင်ရာစာစစ်ဌာနများသို့ အချိန်မီရောက်ရှိစေရေး သယ်ယူပို့ဆောင်ရေးအတွက် အရံမော်တော်ယာဉ်များ ထားရှိသွားရန် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် မှာကြား

057

058

061

062

063

064

ပဲခူး၊ မတ် ၁၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မကြာမီရက်ပိုင်းအတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကျင်းပတော့မည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲဝင်ရောက်ဖြေဆိုနိုင်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားကြရမှာဖြစ်ကြောင်း၊ စာမေးပွဲကျင်းပစဉ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင်ရာစာစစ်ဌာနများသို့ အချိန်မီရောက်ရှိစေရေး သယ်ယူပို့ဆောင်ရေးအတွက် အရံမော်တော်ယာဉ်များ ထားရှိသွားရန်နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းစေရေး ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ မီးဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် လျှပ်စစ်မီးပြတ်တောက်မှု မရှိစေရေးလည်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ မေးခွန်းလုံခြုံရေး၊ စာစစ်ဌာနများသို့ မေးခွန်းများ အချိန်မီရောက်ရှိစေရေးနှင့် အဖြေလွှာများ ပြန်လည်ပို့ဆောင်ရာတွင် အခက်အခဲမရှိစေရေး ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ နေရပ်ရှောင်ပြည်သူများ၏ သားသမီးများအတွက် တက္ကသိုလ်ဝင်တန်းဖြေဆိုနိုင်ရေး လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးရန်၊ စာစစ်ဌာနများအလိုက် စာရေးကိရိယာအရံထားရှိပေးရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှု ပြည့်စုံစွာထားရှိပေးသွားရမှာဖြစ်ကြောင်း၊ နွေရာသီကျောင်းပိတ်ရက်များတွင် ယဉ်ကျေးလိမ္မာသင်တန်းနှင့် အားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲဝင်ရောက်ဖြေဆိုနိုင်ရေး အားလုံးဝိုင်းဝန်းကြိုးစား ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်က တိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းလုံခြုံပြီး အောင်မြင်စွာကျင်းပနိုင်ရေး ကဏ္ဍအလိုက် ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးက ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက မြို့နယ်အလိုက် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများအလိုက် ကြိုတင်ပြင်ဆင်ထားရှိမှုများအားလည်းကောင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ထားရှိမှုကိုလည်းကောင်း အသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ် (၂၈)မြို့နယ်၊ ခရိုင် (၆)ခု၌ စာစစ်ဌာနစုစုပေါင်း (၈၂)ခုရှိပြီး တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၂၃၁၅၇)ဦးရှိကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages